Saturday, November 17, 2012

15.11.2012 မှ 21.11.2012 အထိ ၇ရက် သားသမီး များအတွက်ဟောစာတမ်း

တနင်္ဂနွေ
          တွေး၍ပူပင် နေရသော အရာ တွေက စိတ်ချမ်းသာမှု့တွေဖြစ်လာလိမ့်မည်။ အထင်လွဲမှု့များ ပြေပျောက်မည်။ လက်ထပ် မင်္ဂလာပွဲ အောင်မြင်စွာပြီးမြောက်မည်။ တစ်ဖက်သက်ချစ်သူ၏ အပြစ်တင်ခြင်းခံရမည်။ ရည်ရည်ချက်မရှိသောခရီးများသွားရမည်။ သားချင်းဆွေမျိုးအတွက် စိတ်ရှုပ်ရခြင်း ၊ အလုပ်ရှုပ်ရခြင်း၊ငွေကုန်ကျခြင်းတို့ဖြစ်မည်။ လက်ရှိအလုပ် ပြန်လည်အဆင်ပြေမည်။ ရာထူးတက် နေရာပြောင်းခြင်း မုချဖြစ်ပါလိမ့်မည်။
 
အကျိုးပေးဂဏန်း - ၅၊၀၊၃။
အထူးဟော - လန်းဆန်းမည်။
ယတြာ - တနင်္ဂနွေ နံနက် (၇) နာရီ တွင် အိမ်ဘုရား ကို အုန်းသီးဆံ ၆ ဆံကပ်၍ ဆုတောင်းပါ။
 
တနင်္လာ
 
         သင့်အတွက် ကံကောင်းသောရက် များဖြစ်ပါသည်။ မင်္ဂလာသတင်း တွေဆက်တိုက် ကြားရပါလိမ့်မည်။ သင်ကိုယ်တိုင်လည်း မင်္ဂလာတွေဖြစ်မည်။ သင့်အတွက် လက်ထပ်မင်္ဂလာ နှင့် အလုပ်အတွက် မင်္ဂလာတွေ ခံစားရမည်။ ၄င်းအပြင် ရစရာငွေတို့ရမည် ။စပ်တူရှယ်ယာအလုပ်တို့ရပ်နားရတတ်သည်။ ကား၊စက်၊ယာဉ်တို့ဝင်မည်။ မြေ၊အိမ် တို့ ရောင်းဖြစ်မည်။ အလုပ်ကိစ္စတို့ဖြင့် ခရီးသွားရမည်။ ၀င်ငွေကောင်းမည်။ အလုပ်မှာ လူဟောင်းတို့နှင့် ခွဲခွာရမည်။ လူသစ်တို့နှင့် တွဲလုပ်ရမည်။ အောင်မြင်မည်။ စိတ်ချမ်းသာရမည်။ 
 
အကျိုးပေးဂဏန်း - ၂၊၄၊၈
အထူးဟော - စိတ်သစ်လူသစ် အင်အားသစ် တို့ဖြင့် အောင်မြင်မှု့တွေရမည်။
ယတြာ - တနင်္လာနေ့တွင်တန်ခိုးကြီး ဘုရား၏ ရင်၊၀မ်း၊လက်တော်တို့တွင် ရွှေသင်္ကန်းကပ်၍ ဆုတောင်းပါ အောင်မြင်မည်။
 
အင်္ဂါ
 
          အလုပ်အကိုင် အကြံအစည် စိတ်လှုပ်ရှားမှု့များအောင်မြင်မည်။ သို့သော် ပညာရေး၊စီးပွားရေး၊ အလုပ်အကိုင်တို့အတွက်တစ်ကြိမ်နှင့် အဆင်မပြေဘဲ ၂ ကြိမ် ကြိုးစားမှု့ပြုပါမှ သင်အောင်မြင်မှု့ရမည်။ ငွေကြေးလက်လွန် ဆုံးရှုံးရကိန်းရှိတယ်။ မရောက်ဘူးသောခရီး ၊ မလုပ်ဘူးသော အလုပ်၊မစားဘူသော အစာ ၊  မချစ်ဘူးသေးသော ချစ်သူတို့ ကြုံဆုံဖြစ်မည်။ အိမ်ထောင်ရှိသူတို့ ထပ်၍ အချစ် သစ်တွေ့မည်။ ခြေ၊လက်ခိုက်မိမည်။ ယာဉ် ၊စက် တို့ အပျက်များတတ်၍ ဂရုစိုက်ပါ။ အသစ်အဆန်းတွေ ၀င်လာမည်။ ကျန်းမာရေး ဂရုစိုက်ပါ။ အစာအိမ် ၊အူလမ်းကြောင်း ချူချာမည်။
 
 
အကျိုးပေးဂဏန်း - ၁၊၃၊၈။
အထူးဟော - ထီပေါက်မည်။  
ယတြာ - အင်္ဂါနေ့ နံနက်တွင် လမ်းဘေးတိရစ္ဆာန်တွေကို အစာကျွေးပါ။
 
 
ဗုဒ္ဓဟူး
 
          စိတ်ထဲတွင် ဟိုဟာကောင်းနိုး ဒီဟာကောင်းနိုး ဖြင့် ဇဝေဇ၀ါ ဖြစ်တတ်သည်။ အပေါင်းအသင်း မိတ်ဆွေ အကူအညီရမည်။ ဖြေဆိုသော စာမေးပွဲများအောင်မြင်မည်။ စက် ၊ပစ္စည်း ၊ရွှေပစ္စည်းတို့ဝင်မည်။ ထွက်မည်။  ကတိတစ်ခု လွယ်လွယ်မပေးသင့်ပါ။ ကတိပျက်၍ မုန်းရတတ်သည်။ မင်္ဂလာဆောင် မှု့အောင်မြင်မည်။ လက်ဆောင်ရမည်။ထီထိုးပါ။ ထီပေါက်မည်။ ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းများ အောင်မြင်မည်။ နိုင်ငံရပ်ခြား ခရီးသွား ဖြစ်မည်။ သူတစ်ပါး အရှုပ် ကိုယ့်အရှုပ်ဖြစ်ကိန်းရှိ၍ ဂရုစိုက်ပါ။
 
အကျိုးပေးဂဏန်း - ၁၊၄၊၉။
အထူးဟော -    စဉ်းစားပြီးမှ ဆုံးဖြတ်ပါ။
ယတြာ - ဗုဒ္ဓဟူးနေ့ နံနက်တွင် ဘုရားကို ရေသက်စေ့ ရေသပ္ပါယ်ပါ။ လိုရာဆုတောင်းပါ။ ဆုတောင်းပြည့်မည်။
 
 
ကြာသပတေး
 
          မိတ်ဟောင်း၊သူငယ်ချင်းဟောင်း၊ချစ်သူဟောင်း တို့ကြုံတွေ့မည်။ ခရီးဝေးတွေသွားရမည်။ သင့်ရဲ့မင်္ဂလာပွဲအောင်မြင်မည်။ ပွင့်လင်း ၊ပြတ်သား စွာဆောင်ရွက်မှု့တွေ ကောင်းသော်လည်း တဖက်သားနစ်နာမှု့တို့ဖြစ်နေမည်။ လူလိမ်၊ငွေလိမ်ခံရမည်။ လူခင်ခြင်းစိတ်ဝမ်းကွဲမည်။ မိတ်ဆွေသစ်တို့ တွေ့မည်။ စက်ပစ္စည်း ကား ၊ယာဉ်၊မြေ တို့ဝင်မည်။ ဆောက်ရမည်။ အဟောင်းပစ္စည်း တို့ထွက်မည်။ အကြီးအကဲ တို့ က အထင်လွဲမည်။  
 
အကျိုးပေးဂဏန်း - ၀၊၅၊၉
အထူးဟော - ကံကောင်းပါသည်။
ယတြာ - ကြာသပတေး နေ့တွင် အိမ်ဘုရားကို သစ်သီး ၉ မျိုးကပ်လှူ၍ ဆုတောင်းပါ။
 
 
သောကြာ
 
          သံယောဇဉ် တွေ ပိုများလာမည်။ ချစ်သူတွေများလာမည်။ လက်ဆောင်တွေရမည်။ ခရီးယာယီတွေရောက်မည်။ မင်္ဂလာဆောင်ဖြစ်မည်။ ချစ်သူတစ်ယောက် ၏ အပြစ်တင်ဝေဖန် စကားပြောခံရမည်။ အလုပ်ပြောင်းလဲမှု နေအိမ် ပြောင်းလဲမှုတို့ဖြစ်မည်။ ငွေကြေးကိစ္စ စကားပြောရမည်။ အနိုင်ရမည်။ ထီထိုးပါ။ ထီပေါက်မည်။ ဆွေမျိုးသားချင်း အတွက် စိတ်ရှုပ်ရတတ်သည်။ စပ်တူစီးပွားရေးမလုပ်သင့်ပါ။ 
 
အကျိုးပေးဂဏန်း - ၆၊၁၊၉
အထူးဟော - စွန့်စားမှု့တွေပြုပါ။အောင်မြင်မည်။ 
ယတြာ - သောကြာနေ့ နံနက်တွင် ထီးနီ (၉)လက်ကပ်လှူဆုတောင်းပါ။အောင်မြင်မည်။
 
 
စနေ
          ကောင်းလျှင်အတူစံ ချင်ပြီး မကောင်းလျှင် လည်းအတူခံချင်သော စိတ်ရှိသူဖြစ်သည်။ တရားမျှတမှု့ရှိတယ်။ ဝေဖန်ပြီးမှ ယုံတတ်သည်။ ကိုယ်ချစ်သော သူကို မိဘတို့ သဘောမတူခြင်းနှင့် မိဘသားချင်း တို့ကိုလုပ်ကျွေးလိုသောစိတ်တို့ကြောင့် လက်ထပ်ရန် ဖြစ်သော်လည်း အိမ်ထောင်မပြုဘဲ နေရတတ်ပါသည်။ သို့သော် မိဘ တို့က သင့်ကို နားလည်မှု့ပေး၍ လက်ထပ်မင်္ဂလာဖြစ်ပါလိမ့်မည်။ လူချစ်လူခင်ပေါများသောသူဖြစ်၍ သင့်မင်္ဂလာပွဲစည်ကားလိမ့်မည်။ သင့်ကို တဖက်သက် ချစ်သောသူတို့လည်း လာရောက်ကြမည်။ သင်၏ အလုပ်အဆင်ပြေပါမည်။ ကျန်းမာရေး၊စီးပွားရေး အဆင်ပြေမည်။ ခရီးယာယီ လည်းရောက်မည်။ အစုလိုက်ငွေဝင်ရမည်။ စက်၊ရွှေတို့ဝင်မည်။ သင့်ရည်ရွယ်သော စီးပွားရေး လုပ်ငန်းသစ် လုပ်ဖြစ်မည်။ အလွန်အောင်မြင်မှု့ရမည်။ ရှယ်ယာအလုပ်လည်းလုပ်ရမည်။  
 
အကျိုးပေးဂဏန်း - ၇၊၀၊၈
အထူးဟော - အောင်မြင်မည်။
ယတြာ - စနေနေ့ နံနက်တွင် အိမ်ဘုရားကို ရွက်လှ ၁၇ ညွန့်ကပ်လှူပါ။
ဒေါက်တာထွန်းလင်း-ဘုတလင်( GOLD MEDALIST)

No comments:

Post a Comment