Friday, November 30, 2012

ဘာလင်ရှိ အီရန်သံရုံးကို ရန်လိုသူများဖျက်ဆီး


ဘာလင်ရှိ အီရန်သံရုံးကို အုပ်စုတစ်စု၏ ဖျက်ဆီးခံရသည့်အတွက် အလွန်အမင်း စိုးရိမ်ပူပန်မိကြောင်း၊ လက်ရှိအခြေအနေမှ ကာကွယ်သွားရန် သန္နိဋ္ဌာန်ချထားကြောင်း ဂျာမနီနိုင်ငံခြားရေးဝန်ကြီး ဂိုင်ဒိုဝက်စတာဝယ်လီက ပြောကြား လိုက်သည်။ အဆိုပါကိစ္စနှင့် ပတ်သက်ပြီး သူ့အနေဖြင့် နောင်တရမိကြောင်း၊ အီရန်သံရုံးကို အကောင်းဆုံး ကာကွယ်ပေးသွားမည်ဖြစ်ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီး အလီအက်ဘာဆာလီဟီအား နိုဝင်ဘာ ၂၉ ရက်တွင် ပြောကြားခဲ့သည်။ နိုဝင်ဘာ ၂၈ ရက် မွန်းလွဲပိုင်းက ရန်ပြုလိုသူ အုပ်စုတစ်စုသည် ဘာလင်မြို့ရှိ အီရန်သံရုံးထဲ ၀င်ရောက်ပြီး နံရံများပေါ်တွင် ဆေးများဖျန်းပက်သွားခဲ့ကြောင်း၊ ယင်းအုပ်စုတွင် လူ ၃၀ ခန့် ပါဝင်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။ ယင်းအဖွဲ့ကို ဖမ်းဆီးထားပြီး မကြာမီ စစ်ဆေးမည်ဖြစ်ကြောင်း ဂျာမနီ နိုင်ငံခြားရေးဝန်ကြီးက ပြောကြားသည်။
khitlunge

No comments:

Post a Comment