Friday, November 30, 2012

ဒေါ်အောင်ဆန်းစုကြည် တောင်ကိုရီးယားသွားမည်

ဒေါ်အောင်ဆန်းစုကြည်အမေရိကန်ခရီးစဉ်မှအပြန်ကြိုဆိုနေကြစဉ်
ဂွမ်းဂျုးလူ့အခွင့်အရေးဆုကို၂၀၀၄ခုနှစ်ကရရှိခဲ့သော မြန်မာဒီမိုကရေစီလှုပ်ရှားသူ ဒေါ်အောင်
ဆန်းစုကြည်သည်ကိုရီးယားနိုင်ငံဂွမ်းဂျုးမြို့သို့နောက်နှစ်ဇန်နဝါရီ၃၀တွင်သွားရောက်တော့မည်ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်အား ပြုံချမ်းအထူး အိုလံပစ်ပွဲတော်သို့ ဖိတ်ကြားထားသောကြောင့် အားကစားပွဲတက်ရောက်ပြီးနောက်တွင် ဂွမ်းဂျုးသို့ နှစ်ရက်ကြာ လာရောက်လည်ပတ်မည်ဟု “မေ ၁၈ အမှတ်တရဖောင်ဒေးရှင်း”က ဗုဒ္ဓဟူးနေ့တွင် ပြောကြားသည်။
နေအိမ်အကျယ်ချုပ် ထိန်းသိမ်းခံကာလတွင် အထက်ပါဆုကိုရရှိခဲ့သော ဒေါ်အောင်ဆန်းစုကြည်က သူမအား ဂွမ်ဂျုးမြို့တော် အစိုးရနှင့် ဖောင်ဒေးရှင်းက  ဂုဏ်ပြုတည်ခင်းမည့်ညစာစားပွဲတွင် ဆုလက်ခံကျေးဇူးတင်စကား ပြန်လည်ပြောကြားမည် ဟုသိရသည်။
သူမသည် မေ ၁၈ အမှတ်တရ အမျိုးသားအာဇာနည်ဗိဗာန်သို့ လာရောက်အလေးပြုမည်ဖြစ်ပြီး၊ ချိုနန် အမျိုးသားတက္ကသိုလ်တွင် လက်ချာ ပို့ချမည်ဟု ဖောင်ဒေးရှင်းကပြောကြားသည်။
(The Chosul Llbo  မှ 29 Nov 2012 ရက်စွဲပါ “Aung San Suu Kyi to Visit Gwangju in January” သတင်းကိုဘာသာပြန်ဆိုသည်)
Transparencymyanmarblog

No comments:

Post a Comment