Saturday, November 17, 2012

ဆယ်စုနှစ်အတွင်း အိုက်စလန်မီးတောင်များမှ ဘူမိအပူစွမ်းအင်ကို လျှပ်စစ်ဓာတ်အား အဖြစ် ပြောင်းလဲပေးနိုင်


ဆယ်စုနှစ်တစ်ခုအတွင်း အိုက်စလန်ကျွန်းနိုင်ငံ မီးတောင်များ၏ အပူဓာတ်ကို ဗြိတိန်လူနေအိမ်များအတွက် လျှပ်စစ်စွမ်းအားအဖြစ် ပြောင်းလဲဖန်တီးပေးလာနိုင်ကြောင်း ကျွမ်းကျင်သူတစ်ဦး၏ အဆိုအား ကိုးကား၍ နိုဝင်ဘာ ၁၃ ရက် သတင်းများတွင် ဖော်ပြသည်။ အိုက်စလန်ကျွန်း မီးတောင်များ၏ ဘူမိစွမ်းအင် များကို ကမ္ဘာ့အရှည်ဆုံး ရေအောက် ကေဘယ်ကြိုးဖြင့် ဗြိတိန်နိုင်ငံသို့ ပို့လွှတ်ပေးရမည်ဖြစ်သော်လည်း ကုန်ကျစရိတ်အားဖြင့် မျိုးဆက်သစ် နျူကလီးယားဓာတ်ပေါင်းဖိုများထက် ပိုမိုသုံးစွဲရလိမ့်မည် မဟုတ်ကြောင်း သိရသည်။ အိုက်စလန်ကျွန်း မီးတောင်များမှ ဘူမိအပူစွမ်းအင်ကို ဗြိတိန်နိုင်ငံသို့ ပို့လွှတ်ရေး စီမံချက်အား ၂၀၂၀ ခုနှစ်အတွင်း အပြီးသတ်နိုင်မည်ဖြစ်ကြောင်း အဆိုပါစီမံကိန်းကို ဦးဆောင်သော အိုက်စလန်ကျွန်း၏ နိုင်ငံပိုင် စွမ်းအင်ထုတ်လုပ်ရေး ကုမ္ပဏီအကြီးအကဲက ပြောကြားသည်။ ဘူမိအပူစွမ်းအင်များ ပို့လွှတ်နိုင်ရေးအတွက် အသုံးပြုရမည့် ရေအောက်ကေဘယ်လိုင်းသည် အနည်းဆုံး ကီလိုမီတာ ၁၀၀၀ ရှည်လျားမည်ဖြစ်ရာ ကမ္ဘာ့အရှည်ဆုံး ရေအောက်ကေဘယ်လိုင်း ဖြစ်လာလိမ့်မည်ဟု သိရသည်။
khitlunge

No comments:

Post a Comment