Thursday, November 29, 2012

ပါလက်စတိုင်းခေါင်းဆောင် အာရာဖတ်၏ အုတ်ဂူကို ဖွင့်ဖောက်ကာ စုံစမ်းစစ်ဆေး


ပါလက်စတိုင်းခေါင်းဆောင် ယာဆာအာရာဖတ် သေဆုံးမှုနှင့် ဆက်နွှယ်နေသော နိုင်ငံရေး လျှို့ဝှက်ချက် တစ်ရပ်ကို ဖော်ထုတ်နိုင်ရန် ၄င်း၏အုတ်ဂူကို နိုဝင်ဘာ ၂၇ ရက်တွင် ဖွင့်ဖောက်ကာ စုံစမ်းစစ်ဆေးမှု စတင်ပြုလုပ်ကြောင်း ဒေသ ဆိုင်ရာ သတင်းဌာနများက သတင်းထုတ်ပြန်သည်။ ရုရှား၊ ဆွစ်ဇာလန်နှင့် ပြင်သစ်နိုင်ငံတို့မှ ကျွမ်းကျင်သူ ပညာရှင်များ ပါဝင်သော နိုင်ငံတကာ သိပ္ပံပညာရှင်များ အဖွဲ့တစ်ဖွဲ့သည် အာရာဖတ်၏ အုတ်ဂူတည်ရှိရာ နေရာသို့ ရောက်ရှိလာကြောင်း၊ ယင်းအဖွဲ့နှင့်အတူ အာရာဖတ်သေဆုံးမှုကို စုံစမ်းစစ်ဆေးနေသော ပါလက်စတိုင်း ကော်မတီ၏ အကြီးအကဲ တော်ဖစ်တီရာဝီလည်း လိုက်ပါလာကြောင်း သတင်းတွင် ဖော်ပြသည်။ အာရာဖတ်၏ အုတ်ဂူကို ဖွင့်ဖောက်ကာ စုံစမ်းစစ်ဆေးမှုက လျှို့ဝှက်ကန့်သတ် အဆင့်ဖြင့် ပြုလုပ်ပြီး သတင်းထောက်များကို စုံစမ်းစစ်ဆေးရာ နေရာသို့ ဝင်ရောက်ခွင့်မပြုပေ။ ယာဆာအာရာဖတ် မည်သည့်အကြောင်းကြောင့် သေဆုံးခဲ့ရသည်ကို စစ်ဆေးနိုင်ရန် ၄င်း၏ရုပ်ကြွင်းအား သိပ္ပံနည်းကျ လေ့လာမည်ဖြစ်သည်။ အာရာဖတ်သည် ရေဒီယိုသတ္တိကြွ အဆိပ်ပစ္စည်းကြောင့် သေဆုံးခဲ့ရခြင်း ဟုတ်၊ မဟုတ် စုံစမ်း ဖော်ထုတ်မည်ဖြစ်သည်။
khitlunge

No comments:

Post a Comment