ကိုလံဘီယာအနောက်တောင်ပိုင်းတွင် ရွှေတွင်းပြိုကျ
ကိုလံဘီယာနိုင်ငံ
အနောက်တောင်ပိုင်းတွင် နိုဝင်ဘာ ၁၄ ရက်က ရွှေတူးဖော်ရေးတွင်းတစ်တွင်း
ပြိုကျမှုကြောင့် လေးဦးသေဆုံးပြီး အခြားနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း
သိရသည်။ အဆိုပါရွှေတွင်း ပြိုကျမှုသည် ယင်းနေ့နံနက်ပိုင်းက ကိုလံဘီယာ
အနောက်တောင်ပိုင်း ဘူနာဗင်ကျူရာ ဆိပ်ကမ်းမြို့တွင်
ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ယင်းနေရာတွင် မိုးများသည်းထန်စွာ
ရွာသွန်းပြီးနောက် ၄င်းရွှေတွင်းမှာ ပြိုကျခဲ့ခြင်းဖြစ်ကြောင်း
မျက်မြင်တွေ့ရှိသူများ၏ ပြောကြားချက်အရ သိရသည်။ ထိုသို့ ပြိုကျမှုကြောင့်
လေးဦးသေဆုံး ခဲ့ကြောင်း၊ နှစ်ဦးဒဏ်ရာရရှိပြီး ၄င်းတို့ကို ဆေးရုံသို့
ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။ ယခုပြိုကျသည့် ရွှေတွင်းသည်
ဘူနာဗင်ကျူရာမြို့ အနီးတွင် ယခုနှစ်ပိုင်း၌ ဒုတိယအကြိမ်မြောက်
ပြိုကျမှုဖြစ်ပွားသည့် ရွှေတွင်းလည်းဖြစ်သည်။
khitlunge
No comments:
Post a Comment