Saturday, November 10, 2012

ဆိုမာလီနိုင်ငံ တောင်ပိုင်းတွင် တိုက်ပွဲဖြစ်ပွား


ဆိုမာလီနိုင်ငံတောင်ပိုင်းတွင် နိုဝင်ဘာ ၈ ရက်က ဆိုမာလီအစိုးရ တပ်ဖွဲ့ဝင်များနှင့် အယ်လ်ရှာဘတ် တိုက်ခိုက်ရေး သမားများအကြား တိုက်ပွဲများဖြစ်ပွားရာ အစိုးရတပ်ဖွဲ့ဝင် ၁၈ ဦး နှင့် အယ်လ်ရှာဘတ် တိုက်ခိုက်ရေးသမား ၂၁ ဦး အပါအ၀င် စုစုပေါင်း ၃၉ ဦး သေဆုံးခဲ့ကြောင်း သိရသည်။ အဆိုပါ တိုက်ပွဲများသည် ဆိုမာလီနိုင်ငံ လိုဝါရှာဘာလီဒေသရှိ လီဂိုမြို့၏ အပြင်ဘက်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ယင်းတိုက်ခိုက်မှုတွင် ဆိုမာလီအစိုးရ တပ်ဖွဲ့အရာရှိတစ်ဦးဖြစ်သည့် အာမက်ဂျာမက်လည်း သေဆုံးခဲ့ကြောင်း အစိုးရတာဝန်ရှိသူများက ပြောကြားသည်။ အယ်လ်ရှာဘတ် တိုက်ခိုက်ရေးသမားများသည် ဆိုမာလီနိုင်ငံအတွင်းရှိ ယခင်အသွင်ကူးပြောင်းသော ဗဟိုအစိုးရ၏ အဖွဲ့အစည်းများကို ဖြုတ်ရန်အတွက် ၂၀၀၆ ခုနှစ် ဒီဇင်ဘာလအတွင်းကစပြီး ကြိုးပမ်းနေခြင်းဖြစ်သည်။ 
khitlunge

No comments:

Post a Comment