Friday, November 16, 2012

အာရပ်ကမ္ဘာ၌ လူငယ်အလုပ်လက်မဲ့များနေ


အာရပ်ကမ္ဘာ၌ လူငယ်ဦးရေ တိုးတက်များပြားလာပြီး အလုပ်လက်မဲ့ဦးရေလည်း တိုးမြင့်လာနေကြောင်း ဒူဘိုင်းမြို့တွင် ကျင်းပလျက်ရှိသည့် ကမ္ဘာ့စီးပွားရေးဖိုရမ် (ဒဗလျူအီးအက်ဖ်)တွင် ကျွမ်းကျင်သူများက နိုဝင်ဘာ ၁၄ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။ အာရပ်ကမ္ဘာမှ လူငယ်အများစုအတွက် အဆင့်အတန်းမီသော နေထိုင်မှုနှင့် ဘာသာစကား ကျွမ်းကျင်မှု၊ လုပ်ငန်းခွင် အရည်အသွေး တိုးတက်မြင့်မားရန် လိုအပ်နေမှုများနှင့် ရင်ဆိုင်ကြုံတွေ့နေရပြီး ယင်းမှာ စိန်ခေါ်မှုတစ်ရပ်သဖွယ် ဖြစ်နေကြောင်း ကျွမ်းကျင်သူများက ထောက်ပြဆွေးနွေးသည်။ အရှေ့အလယ်ပိုင်းနှင့် မြောက်အာဖရိက (မီနာ) အပါအ၀င် အလယ်ပိုင်း အာရှဒေသဆိုင်ရာ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့မှ ညွှန်ကြားရေးမှူး မာဆွန်အာမက်က ၂၀၁၁ ခုနှစ်အတွင်း အီဂျစ်နိုင်ငံတွင် လူငယ် ၇၅၀၀၀၀ ခန့် အလုပ်အကိုင်ရရှိရေး ကြိုးစားခဲ့သော်လည်း လူငယ် ၂၀၀၀၀၀ ခန့်သာ အလုပ်အကိုင် ပေးနိုင်ခဲ့ကြောင်း ၄င်းက ပြောကြားသည်။ လူငယ်သန်းတစ်ဝက်ခန့်မှာ အလုပ်လက်မဲ့ဖြစ်လျက်ရှိကြောင်း၊ နိုင်ငံတစ်နိုင်ငံအတွက် လူငယ်များသည် အဖိုးတန်စွမ်းအားစုများဖြစ်သော်လည်း အလုပ်အကိုင် မဖန်တီးပေးနိုင်မှုမှာ ကြီးမားသော ဆုံးရှုံးမှုတစ်ရပ်ဖြစ်ကြောင်း ကျွမ်းကျင်သူများက ပြောကြားသည်။ ၂၂ နိုင်ငံ ပါဝင်သော အာရပ်ကမ္ဘာတွင် ၂၀၂၀ ခုနှစ်မတိုင်မီ တိုးပွားလာမည့် လူငယ် ၇၅ သန်းခန့်ကို အလုပ်အကိုင်နေရာသစ်များ ဖန်တီးပေးနိုင်ရန် ဆောင်ရွက်သင့်ကြောင်း၊ ယင်းမှာ တစ်နေ့လျှင် အလုပ်ကိုင်နေရာသစ် ၂၂၀၀၀ ခန့် ဖန်တီးပေးနိုင်ရမည်ဖြစ်ကြောင်း မာဆွတ်အာမက်က ပြောကြားသည်။ 
khitlunge

No comments:

Post a Comment