ပီရူးနိုင်ငံ အမေဇုန်ဒေသ၌ သွေးလွန်တုပ်ကွေးကြောင့် လူကိုးဦး သေဆုံး
ပီရူးနိုင်ငံ
အမေဇုန်ဒေသတွင် သွေးလွန်တုပ်ကွေး ရောဂါကြောင့် လူကိုးဦး သေဆုံးခဲ့သည်ဟု
ပီရူးကူးစက်ရောဂါ ကာကွယ်ရေးဌာနမှ တာဝန်ရှိသူတစ်ဦးက နိုဝင်ဘာ ၁၈ ရက်တွင်
ပြောကြားခဲ့သည်။ လီမာမြို့ အရှေ့ဘက် ကီလိုမီတာ ၅၅၀ အကွာ ယူကာယာလီဒေသ၌
သွေးလွန်တုပ်ကွေး ရောဂါဖြစ်နေသူ ၁၄၀၀ ရှိသည်ဟု အဆိုပါ ဒေသဆိုင်ရာ
ကူးစက်ရောဂါ ကာကွယ်ရေးအဖွဲ့ ဥက္ကဋ္ဌ ကာယိုက ပြောကြားခဲ့သည်။ အဖျားကြီးနေသူ ၄၀
ကိုလည်း မြို့တော်လီမာရှိ ဆေးရုံသို့ပြောင်း၍ ကုသပေးမည်ဟု ၎င်းကထပ်မံ
ပြောကြားခဲ့သည်။ ပီရူးအစိုးရကလည်း ရောဂါကူးစက် ပျံ့နှံ့မဖြစ်ရန်နှင့်
ရောဂါအခြေအနေကို အလျင်အမြန် သိရှိနိုင်ရန် လီမာမြို့မှ ဆေးဘက်ဆိုင်ရာအဖွဲ့၊
ဆေးဝါးနှင့် ဓာတ်ခွဲစမ်းသပ်ပစ္စည်းများကို ပို့ဆောင်ပေးခဲ့သည်ဟု သတင်းတွင်
ဖော်ပြထားသည်။
khitlunge
No comments:
Post a Comment