ရုရှားအာကာသ ကုန်တင်ယာဉ် နိုင်ငံတကာ အာကာသစခန်းနှင့်ချိတ်ဆက်
ရုရှားအာကာသ
ကုန်တင်ယာဉ်သည် အောက်တိုဘာ ၃၁ ရက် မွန်းလွဲပိုင်းက နိုင်ငံတကာ
အာကာသယာဉ်စခန်းနှင့် ချိတ်ဆက်ခဲ့ကြောင်း သိရသည်။ ပရိုဂရက် အမ်-၁၇ အမည်ရှိ
အဆိုပါ အာကာသ ကုန်တင်ယာဉ်သည် ကာဇက်စတန်ရှိ ဘိုင်ကိုနော့ဗ် အာကာသစခန်းမှ
လွှတ်တင်ပြီး ခြောက်နာရီအကြာတွင် နိုင်ငံတကာ အာကာသယာဉ်စခန်းနှင့် ယင်းနေ့
မော်စကို စံတော်ချိန် ၁၇ နာရီ က ချိတ်ဆက်ခဲ့ခြင်းဖြစ်ကြောင်း
ရော့စ်ကော့စမော့စ် အာကာသရေးရာဌာနမှ သိရသည်။ ယင်းအာကာသကုန်တင်ယာဉ်ကို
ဆိုယုဇ်-ယူဒုံးပျံဖြင့် ယင်းနေ့မော်စကို စံတော်ချိန် ၁၁ နာရီ ၄၁ မိနစ်က
လွှတ်တင်ခဲ့ခြင်းဖြစ်ပြီး အာကာသယာဉ်စခန်းအတွက် လိုအပ်သည့်
ပစ္စည်းကိရီယာများအပါအ၀င် ထောက်ပံ့ရေးပစ္စည်း ၂ ဒသမ ၅ တန်ကို
သယ်ဆောင်သွားသည်။
khitlunge
No comments:
Post a Comment