Friday, November 16, 2012

ဂျပန်အောက်လွှတ်တော် ရွေးကောက်ပွဲအတွက် အမတ်လောင်းများစာရင်း ထုတ်ပြန်မည်


ဂျပန်နိုင်ငံ၏ အမတ်နေရာ ၄၈၀ ရှိ အောက်လွှတ်တော် ရွေးကောက်ပွဲ၌ ပါဝင်ယှဉ်ပြိုင်မည့် အမတ်လောင်းများ အမည်စာရင်းကို နီပွန်အိုင်ရှင်နိုကိုင်း (ပြန်လည်တည်ဆောက်ရေး) ပါတီက ယခုရက်သတ္တပတ်အတွင်း ထုတ်ပြန်ကြေညာမည်ဟု မျှော်လင့်ရကြောင်း ဒေသဆိုင်ရာ သတင်းဌာနများက နိုဝင်ဘာ ၁၄ ရက်တွင် ထုတ်ပြန်ကြေညာသည်။ နိုဝင်ဘာ ၁၇ ရက်ထက် နောက်မကျဘဲ ထုတ်ပြန်ကြေညာမည့် အမတ်လောင်းများ၏ အမည်စာရင်းတွင် အမတ်လောင်းနေရာ တစ်နေရာတည်းသာရှိသော မဲဆန္ဒနယ်မြေများမှ အမတ်လောင်း ၈၀ ခန့် ပါဝင်မည်ဖြစ်ကြောင်း၊ အဆိုပါ အမတ်လောင်းများသည် ဂျပန်နိုင်ငံ အနောက်ပိုင်းရှိ မဲဆန္ဒနယ်မြေများမှဖြစ်ကြောင်း အဆာဟိရှင်ဘွန်း သတင်းစာတွင် ရေးသားဖော်ပြသည်။ ပြန်လည်တည်ဆောက်ရေးပါတီမှ အမတ်လောင်းအများစုမှာ အိုင်ဆင်ဝေးဂျီးဂျူးကူးအမည်ရှိ နိုင်ငံရေးသိပ္ပံ၌ တက်ရောက်ခဲ့ကြသူများဖြစ်ကြောင်း၊ အဆိုပါ နိုင်ငံရေးသိပ္ပံအား ယင်းပါတီကို ဦးဆောင်သူ အိုဆာကာမြို့တော်ဝန် ဟိုရူဟာရှီမိုတိုနှင့် နိုင်ငံရေးမဟာမိတ်များက ယခုနှစ် မတ်လတွင် ထူထောင်ခဲ့ကြောင်း သိရသည်။
khitlunge

No comments:

Post a Comment