Wednesday, November 14, 2012
ဂွာဒီယိုလာ အတွက် မီလန်၏ လှုပ်ရှားမှုကို ချယ်လ်ဆီးနှင့် မန်စီးတီးတို့ စောင့်ကြည့်နေ
အေစီမီလန် အသင်းသည် ဂျိုးဆက် ဂွာဒီယိုလာကို နည်းပြအဖြစ် ခန့်အပ်ရေး အတွက် အလေးအနက် ကြိုးစားလာနေကြောင်း သတင်းများက ချယ်လ်ဆီးနှင့် မန်ချက်စတာ စီးတီးတို့ အတွက် တပ်လှန့်မှု ဖြစ်လာခဲ့သည်။
ဘာစီလိုနာ နည်းပြဟောင်း စပိန်သား ဂွာဒီယိုလာသည် လတ်တလောတွင် ဘောလုံးလောကကို ခေတ္တစွန့်ခွာပြီး မိသားစုနှင့်အတူ အမေရိကန်တွင် အနားယူနေသည်။ အီတလီကလပ် မီလန်သည် နည်းပြ မက်ဆီမီလီယာနို အယ်လာဂရီ လက်အောက်တွင် ရုန်းကန်နေရပြီးနောက် ဂွာဒီယိုလာအား အလေးအနက် ဆက်သွယ်နေကြောင်း သိရသည်။ ဂွာဒီယိုလာကို အင်္ဂလန် ထိပ်တန်း ကလပ်အသင်းများ ဖြစ်ကြသည့် မန်စီးတီးနှင့် ချယ်လ်ဆီးတို့ကလည်း အလိုရှိနေရာ မီလန်၏ လှုပ်ရှားမှုသည် စိုးရိမ်စရာထိ ဖြစ်လာသည်။
ဂွာဒီယိုလာသည် ၎င်း၏ အနာဂတ်ကို အစောဆုံး ဇန်နဝါရီ လလောက်တွင် ဆုံးဖြတ်ဖြစ်ဖွယ် ရှိနေသည်။ မီလန် ဒုတိယ ဥက္ကဋ္ဌ အက်ဒရီယာနို ဂယ်လီယာနီကမူ တနင်္လာနေ့က အယ်လာဂရီကို လူသိရှင်ကြား ထောက်ခံ ပြောဆိုမှု ပြုလုပ်ထားခဲ့သေးသည်။ ချယ်လ်ဆီး အသင်း ပိုင်ရှင် ရိုမန် အေဗရာမိုဗစ်ခ်ျသည် ဂွာဒီယိုလာအား နည်းပြ ခန့်အပ်ရေးသည် မိမိ အလိုလားဆုံး ကိစ္စတစ်ခုဟု ထုတ်ဖော် ဝန်ခံခဲ့ဖူးသလို မန်စီးတီးကလည်း ဘာစီလိုနာ နည်းစနစ် ဝန်ထမ်းဟောင်းများကို အသင်းတွင် ခန့်အပ်နေခြင်းဖြင့် ဂွာဒီယိုလာ၏ အစ်တီဟတ်သို့ ချီရာလမ်း အတွက် အသင့်ပြင်ဆင်နေဆဲဖြစ်ကြောင်း သိရှိရသည်။
soccer myanmar

No comments:
Post a Comment