Thursday, November 29, 2012

အကောင်အထည်ဖော်နေဆဲစီမံကိန်းများကို တစ်ဖက်သတ်ဖျက်သိမ်းပါက နိုင်ငံတကာ၏ ယုံကြည်မှုဆုံးရှုံးနိုင်ဟု ဒေါ်အောင်ဆန်းစုကြည် ဆို


အကောင်အထည် ဖော်နေဆဲစီမံကိန်းများကိုတစ်ဖက်သတ်ဖျက်သိမ်းပါက နိုင်ငံတကာ၏ယုံကြည်မှုဆုံးရှုံးနိုင်
သည်ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါ်အောင်ဆန်းစုကြည် ကမီဒီယာများနှင့် တွေ့ ဆုံစဉ် ပြော ကြားသွား ခဲ့သည်။ 
 
”အခုလက်ပံ  တောင်း တောင် စီမံကိန်းဆိုရင် စာချုပ်က ချုပ်ပြီး 
သွားပြီ။ ဒါကို တစ်ဖက်သတ် ဖျက်ခဲ့ရင် တန်ရာတန်ကြေး ပြန်ပေးရ  မယ်။ ဒါကိုလည်း ထည့်စဉ်းစားဖို့ လိုတယ်။
ကမ္ဘာ့အလယ်မှာ တင့် တယ်တဲ့ နိုင်ငံတစ်ခု ဖြစ်ချင်ရင် ကတိတည်ဖို့ လိုတယ်။ စကားတည် ရမယ်။ ဒီနိုင်ငံ ကတိမတည်ဘူး၊ဒီနိုင်ငံနဲ့အလုပ်လုပ်လို့မရဘူး၊ဒီနိုင်ငံနဲ့အလုပ်လုပ်ရင်အချိန်မရွေးပျက်နိုင်တယ်လို့ တွေး
သွားရင် ရင်းနှီးမြှုပ်နှံသူတွေ စိတ်မဝင်စား နိုင်တော့ဘူး” ဟု ဒေါ်အောင်ဆန်း စုကြည်က ပြောသည်။

ပြည်သူ့လွှတ်တော် အစည်း အဝေး နောက်ဆုံးနေ့တွင် အစည်း 
အဝေး အစီအစဉ်တွင် ပါဝင်ခြင်း မရှိဘဲ လွှတ်တော်ဥက္ကဋ္ဌ၏ ခွင့်ပြုချက်ဖြင့် အစိုးရသို့ လွှတ်တော်မှ လက်ပံတောင်းတောင် စီမံကိန်းကိုအဖွဲ့တစ်ဖွဲ့ ဖွဲ့၍စစ်ဆေးစေရန် နိုင်ငံတော်အစိုးရသို့တိုက်တွန်း ကြောင်းအဆိုကိုတင်သွင်းခဲ့ပြီး ကာကွယ်ရေးဝန်ကြီးဌာန
 ပြည်ထောင် စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး  ဝေလွင်က ပြန်လည်ရှင်းလင်းခဲ့ပြီးနောက် ဒေါ်အောင်ဆန်းစု ကြည်ကယင်းစီမံကိန်းနှင့်ပတ်သက်၍မီဒီယာများသို့ပြောကြားခဲ့ခြင်းဖြစ်သည်။ ”အစိုးရအနေနဲ့ ပွင့်လင်း မြင် သာမှုရှိဖို့ လိုတယ်။

အစကတည်းက ပွင့်လင်းမြင်သာမှုရှိခဲ့ရင်ဒီလိုပြဿနာ တွေမဖြစ်ဘူး။ 
အခုက ဒီမိုကရေစီ မရခင်ချုပ်ခဲ့တဲ့ စာချုပ်တွေကို ဒီမို ကရေစီခေတ်မှာ  ပြန်ရှင်းရတာဆို တော့ နည်းနည်းတော့ အရှုပ်အရှင်း ရှိတယ်။ 

ကိုယ့်ဘာသာကိုယ် လိုလို ချင်ချင်နဲ့ပေးထားတဲ့ ကတိ ကိုယ့် ဘာသာ
ကိုယ် လိုလိုချင်ချင်နဲ့ လုပ် ထားတဲ့ အလုပ်တစ်ခု သဘောတူညီ  ချက်တစ်ခုကို ဖျက်ဆိုတာကတော့ အင်မတန်မှ စဉ်းစားချင့်ချိန်ရမယ့် ကိစ္စပဲ”ဟု ဒေါ်အောင်ဆန်းစုကြည် က ပြောကြားခဲ့သည်။

အဆိုပါ လက်ပံတောင်း တောင် စီမံကိန်းကို Wanbo Maing Ltd. မှ
  ဒေါ်လာ ၉၉၉ သန်း ရာ နှုန်းပြည့် ရင်းနှီးမြှပ်နှံခဲ့ပြီး အကျိုး အမြတ် ခွဲဝေမှုတွင် နိုင်ငံတော်မှ ၁၆ ဒသမ ၈ ရာခိုင်နှုန်း၊ မြန်မာ့ စီးပွားရေးဦးပိုင်
လီမိတက်မှ ၁၃ ဒသမ ၈ ရာခိုင်နှုန်း၊ ရင်းနှီးမြှပ်နှံသူမှ ၁၃ ဒသမ ၃၃ ရာခိုင်နှုန်း ရရှိမည် ဖြစ်ကြောင်း သိရသည်။ 

အဆိုပါ လက်ပံတောင်း တောင် စီမံကိန်းကို နိုဝင်ဘာလ ၁၈ ရက် နေ့
မှ စတင် ရပ်နားထားခဲ့ပြီး ထိုကဲ့သို့ ရပ်နားထားသည့်အတွက် တစ်လလျှင်  ဒေါ်လာ ၂ သန်း ဆုံးရှုံး နေကြောင်း ကာကွယ်ရေး ဝန်ကြီး ဌာန
 ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးဝေလွင်က လွှတ်တော် တွင် ပြောကြားခဲ့သည်။ 


”နိုင်ငံတစ်ကာ ဆက်ဆံရေး အရ ဆန်းစစ်ရလျှင် နိုင်ငံတကာ ဆက်
ဆံရေးတွင် ထာဝရမိတ်ဆွေ ထာဝ ရရန်သူ ဟူ၍မရှိပါဘူး။ ထာဝရ အကျိုးစီးပွားပဲ ရှိပါတယ်။ 

ကျွန်တော့် ရဲ့ တင်ပြချက်က အမေရိကန်အတွက် မဟုတ်သလို
တရုတ်အတွက်လည်း မဟုတ်ပါဘူး။ မိမိနိုင်ငံရဲ့အကျိုးစီးပွားအတွက်သာ ဖြစ်ပါတယ်”ဟုဒုတိယဗိုလ်ချုပ်ကြီးဝေလွင်ကစီမံကိန်းလုပ်ဆောင်
ရခြင်းနှင့်ပတ် သက်၍ ပြန်လည်ရှင်းလင်းခဲ့သည်။

အဆိုပါစီမံကိန်းများနှင့်ပတ်သက်၍ဆန္ဒထုတ်ဖော်မှုများကြီးထွား
လာရခြင်းသည်မီဒီယာ၏ပယောဂမ
ကင်းကြောင်းဒုတိယဗိုလ်ချုပ်ကြီးဝေလွင်ကထည့်သွင်း ပြောကြားသွားခြင်းအပေါ် ပြည်သူ့လွှတ်တော်ကိုယ်
စားလှယ်  ဒေါ် အောင်ဆန်းစုကြည်က ”အန်တီတို့ ခေတ်မှာ မီဒီယာတွေက အရေးကြီး ပါတယ်။
 
 စောစောက ဝန်ကြီး ပြောသွားတဲ့အထဲမှာ မီဒီယာတွေရဲ့ လှုံ့ဆော်မှုတွေ ပါတယ်လို့ ပြောသွား တယ်။ ဒါကို မျက်စိစုံမှိတ်ပြီး မငြင်း နဲ့။  ရှိနိုင်တာပဲ။ ဘယ်သူမှ အမြဲ မမှန်ဘူး။ မီဒီယာလည်း အမြဲမမှန် နိုင်ဘူး။ 
ကိုယ့်ကိုယ်ကို ပြန်သုံးသပ် ဖို့ပဲ လိုပါတယ်” ဟု မီဒီယာများနှင့် 
တွေ့ဆုံစဉ် ပြောကြားသွားခဲ့ခြင်း ဖြစ်သည်။




Messenger News 

No comments:

Post a Comment