Thursday, November 8, 2012

တရုတ်သင်္ဘောလေးစင်း ဂျပန်နှင့် အငြင်းပွားလျက်ရှိသော ရေပြင်အတွင်း ၀င်ရောက်


အရှေ့တရုတ်ပင်လယ်အတွင်းရှိ ဂျပန်နှင့် တရုတ်အကြား ပိုင်ဆိုင်မှု အငြင်းပွားလျက်ရှိသော ကျွန်းစုရေပြင်ပိုင်နက်အတွင်းသို့ နိုဝင်ဘာ ၄ ရက်က တရုတ်အစိုးရ၏ သင်္ဘောလေးစင်း ခေတ္တ ၀င်ရောက်ခဲ့ကြောင်း ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့က ပြောသည်။ အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ဂျပန်ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ချီကာအိုကာဝေက ဂျပန်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးကို ပြင်းထန်စွာ ကန့်ကွက်ခဲ့ကြောင်း ဂျပန်နိုင်ငံခြားရေး ၀န်ကြီးဌာန၏ ကြေညာချက်တွင် ဖော်ပြထားသည်။ တရုတ်နိုင်ငံအနေဖြင့် ရန်စသည့် အပြုအမူများ ထပ်မံလုပ်ဆောင်ခြင်းသည် အခြေအနေ အေးချမ်းသွားစေရန် ရည်ရွယ်၍ နှစ်နိုင်ငံအကြား ဆက်သွယ်ဆောင်ရွက်နေခြင်းကို ထိခိုက်စေမည်ဟု ကာဝေက ပြောကြားခဲ့သည်။ ယင်းကိစ္စနှင့် စပ်လျဉ်း၍ တရုတ်အစိုးရ၏ ကိုယ်ပိုင်သဘောထားကို ဂျပန်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်က ထပ်မံပြောကြားခဲ့ပြီး အငြင်းပွားမှုကို ဆွေးနွေးခြင်းဖြင့် ဖြေရှင်းရန် ကြိုးစားနေသည်ဟု ဆိုသည်။ 
khitlunge

No comments:

Post a Comment