Saturday, November 24, 2012

တောရက်စ်ကို (၂)ရက် အတွင်း ဘင်နီတက်ဇ် မပြောင်းလဲနိုင်ဟု မန်စီနီ မျှော်လင့်


ဖာနန်ဒို တောရက်စ်ကို (၂)ရက် အတွင်း နိုးကြားလာအောင် ရာဖေးလ် ဘင်နီတက်ဇ် မစွမ်းဆောင်နိုင်ရန် မိမိ မျှော်လင့်ကြောင်း ရောဘတ်တို မန်စီနီက ပြောကြားလိုက်သည်။
မန်ချက်စတာ စီးတီး အသင်း၏ မန်နေဂျာက ချယ်လ်ဆီးနှင့် ကစားမည့် တနင်္ဂနွေနေ့ ပွဲစဉ်တွင် ချယ်လ်ဆီး တိုက်စစ်မှူး တောရက်စ် ခြေစွမ်းပြမည်ကို စိုးရိမ်နေသည်။ တောရက်စ်သည် ကစားသမားကောင်း တစ်ဦး ဖြစ်သော်လည်း ချယ်လ်ဆီးတွင် လတ်တလော ပုံစံကောင်း ပျောက်ဆုံးလျှက် ရှိသည်။ တောရက်စ်နှင့် ဘင်နီတက်ဇ်တို့သည် လီဗာပူးလ်တွင်မူ စပိန်သားနှစ်ဦး အတွဲညီညီ အောင်မြင်မှုများ ရယူခဲ့ဖူးရာ မကြာသေးမီကမှ ချယ်လ်ဆီး မန်နေဂျာအဖြစ် တာဝန်ယူခဲ့သည့် ဘင်နီတက်ဇ်သည် တောရက်စ်ကို ရက်ပိုင်းအတွင်း တောက်ပလာအောင် အရောင်မတင်နိုင်ရန် မန်စီနီက မျှော်လင့်နေခြင်း ဖြစ်သည်။
အီတလီသား မန်စီနီက "တောရက်စ်ဟာ ထူးချွန်တဲ့ တိုက်စစ်မှူး တစ်ယောက်လို့ ကျွန်တော် ထင်ပါတယ်။ ဒါပေမဲ့ တိုက်စစ်မှူးတွေဟာ တစ်ခါတစ်လေ ခက်ခဲတဲ့ ကာလမျိုးတွေ ကြုံရတတ်ပါတယ်။ (၃)ပွဲ၊ (၄)ပွဲလောက် ဂိုးမသွင်းနိုင်ဘူးဆိုရင် သူတို့အတွက် ဖိအားက ဝင်လာပါပြီ။ ချယ်လ်ဆီးဟာ ရောဘတ်တို ဒီမက်တီယို လက်ထက်ကတည်းက အရမ်းကောင်းတဲ့ အသင်းတစ်ခုပါ။ ဘင်နီတက်ဇ် လက်အောက်မှာလည်း ပိုကောင်းလာဖို့ပဲ ရှိပါတယ်။ ဒါပေမဲ့ သူဟာ ကစားသမား တစ်ယောက်ကို (၂)ရက်လောက် အတွင်းမှာတော့ ချက်ချင်း ပြောင်းလဲနိုင်မယ် မထင်ပါဘူး။ ဘာပဲဖြစ်ဖြစ် ချယ်လ်ဆီးမှာ တခြား ကစားသမားကောင်းတွေလည်း ရှိနေတာကြောင့် တနင်္ဂနွေနေ့ ပွဲစဉ်ဟာ ခက်ခဲမှာတော့ သေချာပါတယ်"ဟု သုံးသပ်သွားခဲ့သည်။
soccer myanmar 

No comments:

Post a Comment