အစ္စရေး ကာကွယ်ရေးဝန်ကြီး ရာထူးမှ နုတ်ထွက်ရန်ကြေညာ
အစ္စရေးကာကွယ်ရေးဝန်ကြီး
အီဟွတ်ဘာရတ်သည် နိုင်ငံရေးလောကကို စွန့်ခွာသည့် အနေဖြင့် ၄င်း၏ရာထူးမှ
နုတ်ထွက်ရန် ထုတ်ပြန်ကြေညာလိုက်ကြောင်း သတင်းဌာနများက နိုဝင်ဘာ ၂၆ ရက်တွင်
သတင်းထုတ်ပြန်သည်။ အစ္စရေးနှင့် ပါလက်စတိုင်း စစ်သွေးကြွ အုပ်စုဖြစ်သော
ဟားမားစ်အုပ်စုတို့အကြား ဂါဇာဒေသတွင် အပစ်အခတ် ရပ်စဲထားချိန်အတွင်း
အီဟွတ်ဘာရတ်က ရာထူးမှ နုတ်ထွက်ရန် ကြေညာခြင်းဖြစ်သည်။ အစ္စရေးနှင့်
ဟားမားစ်အဖွဲ့တို့သည် ရှစ်ရက်ကြာ စစ်ရေးပဋိပက္ခ ဖြစ်ပွားခဲ့ရာ လူပေါင်း ၁၆ဝ
ကျော် သေဆုံးခဲ့ကြရသည်။ သေဆုံးသူအများစုမှာ ပါလက်စတိုင်းတို့ ဖြစ်ကြသည်။
အီဟွတ်ဘာရတ်သည် ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟု၏ လက်ထက် ၂ဝဝ၉ ခုနှစ်
မတ်လတွင် ကာကွယ်ရေးဝန်ကြီးအဖြစ် ခန့်အပ်ခံခဲ့ရသည်။
khitlunge
No comments:
Post a Comment