၂၀၁၂ ခုနှစ် သြဂုတ်လ ၂၀ ရက်က လွှတ်တော် ကိုယ်စားလှယ်များ လွှတ်တော် အစည်းအဝေး တက်ရောက်နေစဉ်။
နိုင်ငံတော်သမ္မတရဲ့ ပြင်ဆင်ချက် ၁၁ ချက်ဖြင့် လွှတ်တော်ထံ ပြန်လည်ပေးပို့လာတဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေကြမ်းကို ပြည်ထောင်စု လွှတ်တော်မှာ ဒီကနေ့ ဆွေးနွေးပြီး လွှတ်တော်က အတည်ပြုလိုက်ပါတယ်။
ဒီကနေ့ ပြည်ထောင်စု လွှတ်တော်က နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေကြမ်းကို ပြင်ဆင်အတည်ပြုရာမှာ သမ္မတရဲ့ ပြင်ဆင်ချက် ၁၁ ချက်ထဲက (၁) ချက်ကိုပဲ ပြင်ဆင်ခဲ့ပြီး ကျန်တဲ့ ၁၀ ချက်ကို လွှတ်တော်က ပြင်ဆင်မှုမပြုဘဲ သဘောတူခဲ့တာလို့ ဆိုပါတယ်။ တကယ်လို့ လွှတ်တော်က အတည်ပြုပြီးသား ဥပဒေ မူကြမ်းကို သမ္မတ အနေနဲ့ ပြင်ဆင်စရာမရှိဘူးဆိုရင် လက်မှတ်ရေးထိုး အတည်ပြုနိုင်တယ်လို့ သိရပါတယ်။
RFA

No comments:
Post a Comment