Friday, November 9, 2012
ဗော်လ်ဗိုကားကုမ္ပဏီ၌ အလုပ်သမားများ ထပ်မံလျှော့ချရန် စီစဉ်
ဗော်လ်ဗိုကားကုမ္ပဏီသည် ငွေကြေးချွေတာရေး အစီအစဉ်တစ်ရပ်အရ အလုပ်သမားများ ထပ်မံလျှော့ချ မည်ဖြစ်ကြောင်း ဆွီဒင်ပြည်တွင်း သတင်းဌာနတစ်ခုက နိုဝင်ဘာ ၇ ရက်တွင် ပြောကြားခဲ့သည်။ ဗော်လ်ဗိုကားကုမ္ပဏီသည် ဈေးကွက်များအားလုံးတွင် ရောင်းအားလျော့ကျခဲ့ပြီး ယခုနှစ် နှစ်စဉ် အစီရင်ခံစာတွင်လည်း ရောင်းအားကျဆင်းမည်ဟု ခန့်မှန်းထားကြောင်း ဆွီဒင်သတင်းစာတစ်စောင်က ဖော်ပြသည်။ ဗော်လ်ဗို၏ အလုပ်သမား လျှော့ချရေး စီမံချက်သည် ယခုနှစ် စက်တင်ဘာလ စာရင်းများအရ အရေအတွက်အားဖြင့် ၂၂၀၀၀ ရှိသော ထုတ်လုပ်မှုဌာနနှင့် ၀န်ဆောင်မှုဌာန နှစ်ရပ်လုံးမှ ၀န်ထမ်းများအပေါ် အကျိုးသက်ရောက်မှုရှိမည်ဖြစ်ပြီး ပင်လယ်ရပ်ခြား နိုင်ငံများရှိ အတိုင်ပင်ခံ ၃၅၀၀ မှာ အဆိုပါစီမံချက်မှ ကင်းလွတ်ခွင့်ရမည်ဖြစ်သည်။ ယခုနှစ်တွင် ကားစီးရေ ရောင်းချရမှု ၅ ဒသမ ၉ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။ အဆိုပါ ကားကုမ္ပဏီ၏ အဓိကဈေးကွက်ကြီးဖြစ်သော အမေရိကန်နှင့် တရုတ်နိုင်ငံတို့၌ အောက်တိုဘာလတွင် ကားရောင်းအား အများဆုံး ကျဆင်းခဲ့သည်။
khitlunge

No comments:
Post a Comment