Sunday, November 4, 2012

အမေရိကန်ပြည်သူထက်ဝက်ကျော် သမ္မတအိုဘားမား ပြန်လည် အရွေးခံရမည်ဟု ခန့်မှန်း


အမေရိကန်သမ္မတ ဘားရက်အိုဘားမားသည် လာမည့် သမ္မတရွေးကောက်ပွဲတွင် သမ္မတအဖြစ် ပြန်လည်ရွေးချယ် တင်မြှောက်ခြင်း ခံရလိမ့်မည်ဖြစ်ကြောင်း၊ အမေရိကန်ပြည်သူ ထက်ဝက်ကျော်က ယုံကြည်ထားကြောင်း အောက်တိုဘာ ၃၁ ရက်က ထုတ်ပြန်သော ဂါးလတ်စစ်တမ်းတွင် ဖော်ပြသည်။ အဆိုပါ စစ်တမ်းကို အမေရိကန် နိုင်ငံအရှေ့ပိုင်း ကမ်းခြေများသို့ စူပါမုန်တိုင်း စန်ဒီမ၀င်ရောက်မှ အောက်တိုဘာ ၂၇ ရက်နှင့် ၂၈ ရက်ကြားတွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ၄င်းစစ်တမ်းအရ ၂၀၁၂ ခုနှစ် အမေရိကန် သမ္မတ ရွေးကောက်ပွဲတွင် လက်ရှိ သမ္မတ အိုဘားမားသည် သမ္မတအဖြစ် ပြန်လည်ရွေးကောက် တင်မြှောက်ခံရလိမ့်မည်ဟု ယူဆသူ ၅၄ ရာခိုင်နှုန်းရှိပြီး ယှဉ်ပြိုင်သူ ရီပတ်ဘလီကင် သမ္မတလောင်း မစ်ရွန်နေက ၃၄ ရာခိုင်နှုန်းရှိသည်ဟု ဆိုသည်။ 
khitlunge

No comments:

Post a Comment