Monday, November 12, 2012

တရုတ်နိုင်ငံသည် ကမ္ဘာ့စက်ရုပ်လုပ်သားအများဆုံး သုံးစွဲသည့် နိုင်ငံဖြစ်လာမည်


တရုတ်နိုင်ငံတွင် ၂၀၁၄ ခုနှစ်၌ စက်မှုလုပ်ငန်းသုံး စက်ရုပ်ဝယ်လိုအား မြင့်တက်ကာ စက်ရုပ်ပေါင်း ၃၂၀၀၀ ခန့်အထိ ၀ယ်ယူသုံးစွဲမှုရှိလာမည်ဖြစ်ကြောင်း၊ ကမ္ဘာပေါ်၌ စက်ရုပ်လုပ်သား သုံးစွဲမှု အများဆုံးနိုင်ငံအဖြစ် ရောက်ရှိလာမည်ဖြစ်ကြောင်း နိုင်ငံတကာ စက်ရုပ်ဖောင်ဒေးရှင်းက နိုဝင်ဘာ ၁၁ ရက်၌ သတင်းထုတ်ပြန်သည်။ တရုတ်နိုင်ငံတွင် နည်းပညာနှင့် ထုတ်ကုန်လုပ်ငန်းများတွင် လုပ်အားခများ မြင့်တက်လာမှုကြောင့် စက်ရုပ်လုပ်သားများကို တဖြည်းဖြည်း အစားထိုး အသုံးပြုမှု တိုးမြင့်လာခြင်းဖြစ်သည်။ တရုတ်နိုင်ငံတွင် စီးပွားရေး တိုးတက်ဖြစ်ထွန်းလာမှုကြောင့် စက်မှုလုပ်ငန်းများ၌ စက်ရုပ်လုပ်သားများ အစားထိုး အသုံးပြုလာလျက်ရှိသည်။ တရုတ်နိုင်ငံတွင် ပြည်ပစီးပွားရေး လုပ်ငန်းရှင်များနှင့် ပူးပေါင်းကာ တရုတ်နိုင်ငံတကာ စက်မှုပြပွဲ တစ်ရပ်ကို နိုဝင်ဘာ ၇ ရက်မှ ၁၁ ရက်အထိ ကျင်းပခဲ့ရာတွင် တရုတ်နိုင်ငံထုတ် စက်ရုပ်များအပါအ၀င် စက်ရုပ်ဒီဇိုင်းမျိုးစုံ ၁၈၀၀ ခန့် ပါဝင်ပြခဲ့သည်။
khitlunge

No comments:

Post a Comment