Wednesday, November 21, 2012

မိုဒရစ် နေရာ အစားထိုးရန် ကွင်းလယ် တိုက်စစ်သမား တစ်ဦး ရှာဖွေနေသည့် စပါး

စပါး ကွင်းလယ်နေရာအတွက် ပစ်မှတ်ထားနေသည့် မော်တင်ဟို

တော့တင်ဟမ် ဟော့စပါး အသင်းသည် လူကာမိုဒရစ် နေရာတွင် ရေရှည် အစားထိုးရန် အတွက် အရည်အသွေးမြင့် ကွင်းလယ်တိုက်စစ် ကစားသမား တစ်ဦးကို စတင်ရှာဖွေနေပြီ ဖြစ်သည်။
မြောက်လန်ဒန် ကလပ် အသင်းသည် ခရိုအေးရှား လက်ရွေးစင် မိုဒရစ်ကို နွေရာသီ ဈေးကွက် ကာလအတွင်း စပိန်ချန်ပီယံ ရီးယဲလ်မက်ဒရစ်ထံသို့ ရောင်းချခဲ့သည်။ ယခုအခါ မန်နေဂျာ အန်ဒရီ ဗီးလက်စ် ဘိုအာ့စ်သည် ယင်းနေရာကို ပြန်လည် အစား ထိုးနိုင်မည့် လူငယ်ခြေတက် တစ်ဦးကို ရှာဖွေနေသည်။ စပါးသည် တိုက်စစ်ကို အဓိက အားပြု ချိတ်ဆက်မည့် ကွင်းလယ် ကစားသမားသစ် တစ်ဦးကို ဝယ်ယူရန် ရည်စူးထားပြီး ထိုအတွက် ပေါင်စတာလင် သန်း(၂၀)မျှထိ အကုန်အကျခံ သုံးစွဲမည်ဟု သိရသည်။
စပါး၏ ဆောင်းရာသီ ဈေးကွက် ပစ်မှတ်များတွင် ရှက်တာဒိုးနက်ခ် အသင်းမှ ဝီလျံ၊ အေဂျက်စ် အမ်စတာဒမ်မှ ခရစ္စတီယန် အဲရစ်ခ်ဆန်၊ ဘိုအာ့စ်၏ တပည့်ဟောင်းဖြစ်သူ ပေါ်တိုကစားသမား ဂျိုအို မော်တင်ဟိုတို့ ပါဝင်နေသည်။ ထို့အပြင် မီရာလမ် ပရန်ဂျစ်နှင့် အလက်ဇန္ဒား ဒီဇာဂေါ့ဗ်တို့လည်း စပါး၏ အဝယ်စာရင်းအတွက် ရေးမှတ်ခြင်း ခံထားရသည်။ ဘိုအာ့စ်သည် ကွင်းလယ်တိုက်စစ် နေရာအပြင် ဘယ်နောက်ခံလူ တစ်ဦးကိုလည်း ခေါ်ယူနိုင်ရန် မျှော်လင့်လျှက်ရှိနေကြောင်း သတင်းများက ဖော်ပြသွားသည်။ 
soccer myanmar

No comments:

Post a Comment