Thursday, November 22, 2012
၂၀၁၃ ခုနှစ် ဂျီ-၈ ထိပ်သီးအစည်းအဝေး မြောက်အိုင်ယာလန်၌ ကျင်းပမည်
နောက်တစ်ကြိမ်ပြုလုပ်မည့် ဂျီ-၈ ထိပ်သီးအစည်းအဝေးကို လာမည့် ၂ဝ၁၃ ခုနှစ် ဇွန် ၁၇ ရက်နှင့် ၁၈ ရက်တို့တွင် မြောက်အိုင်ယာလန်ရှိ လောက်ခ်ျအာနေမြို့၌ ကျင်းပသွားမည်ဖြစ်ကြောင်း ဗြိတိန်နိုင်ငံခြားရေး ဝန်ကြီး ဝီလျှံဟာဂူးက နိုဝင်ဘာ ၂ဝ ရက်တွင် ပြောကြားသည်။ ပြင်သစ်တပ်ဖွဲ့ဝင်များသည် အာဖဂန်နစ္စတန် နိုင်ငံအလယ်ပိုင်း ကာပီဆာပြည်နယ်အတွင်းရှိ ၄င်းတို့၏ ထိုးစစ်ဆင် တိုက်ခိုက်မှုများကို အဆုံးသတ်ခဲ့ပြီဖြစ်ကြောင်း နိုဝင်ဘာ ၂ဝ ရက်ကပရက်စ်တီဗွီ သတင်းတစ်ရပ်တွင် ဖော်ပြပါရှိသည်။ ဗြိတိန်နိုင်ငံက လာမည့် ၂ဝ၁၃ ခုနှစ် ဇန်နဝါရီလတွင် ဂျီ-၈ ဥက္ကဋ္ဌရာထူးကို လက်ခံမည်ဖြစ်သည်။ ဧပြီ ၁ဝ နှင့် ၁၁ ရက်တို့တွင် ဂျီ-၈ နိုင်ငံများဖြစ်သည့် ကနေဒါ၊ ဂျာမနီ ၊ ပြင်သစ်၊ အီတလီ၊ ဂျပန်၊ရုရှား၊ ဗြိတိန်နှင့် အမေရိကန်နိုင်ငံတို့မှ နိုင်ငံခြားရေးဝန်ကြီးများ အပါအဝင် ဥရောပသမဂ္ဂ (အီးယူ)တို့နှင့် လန်ဒန်မြို့တွင် အိမ်ရှင်အဖြစ် လက်ခံတွေ့ဆုံသွားမည်ဖြစ်သည်။ ယနေ့ နိုင်ငံတကာ အသိုင်းအဝိုင်းတွင် ကြုံတွေ့နေရသည့် ပြင်းထန်သော စိန်ခေါ်မှုများကို တိုးတက်ကောင်းမွန်အောင် ရင်ဆိုင်ဖြေရှင်းရန်ယူကေ၏ ဥက္ကဋ္ဌရာထူးကို အသုံးချသွားမည်ဟု မိမိမျှော်လင့်ပါကြောင်း ဝန်ကြီးဟာဂူးက ဆက်လက်ပြောကြားသည်။ ဧပြီလတွင် ဂျီ-၈ အဖွဲ့ဝင် နိုင်ငံများမှ နိုင်ငံခြားရေး ဝန်ကြီးများနှင့် တွေ့ဆုံရာ၌ အငြင်းပွားမှု ပဋိပက္ခများ ကြိုတင် ကာကွယ်မှုအပေါ် အလေးထား အာရုံစူးစိုက်မှု တစ်ရပ်ဖြင့် ဆွေးနွေးရ န်မိမိမျှော်လင့် ထားကြောင်း၊ တစ်ချိန်တည်းမှာပင် အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့် ဒေသတွင်း တည်ငြိမ်အေးချမ်းမှုကဲ့သို့ အရေးကြီးသော ပြည်ပဆိုင်ရာ ကိစ္စရပ်များပေါ်တွင်လည်း အာရုံစူးစိုက်သွားမည်ဖြစ်ကြောင်း ဝန်ကြီးဟာဂူးက ထည့်သွင်း ပြောကြားခဲ့သည်။ ထို့အပြင် ဆိုမာလီနိုင်ငံ၏ အခြေအနေများနှင့် စပ်လျဉ်းပြီး ဆိုမာလီပြည်သူများ၏ လိုအပ်ချက်များအပေါ်တွင် ကျန်ရှိနေသေးသည့် အာရုံစူးစိုက်မှုများကို နိုင်ငံတကာက အလေးထား ဆောင်ရွက်ပေးရန်လည်း မိမိအနေဖြင့် ဆွေးနွေးသွားမည်ဖြစ်ကြောင်း ဟာဂူးက ထပ်လောင်း ပြောကြားခဲ့သည်။
khitlunge

No comments:
Post a Comment