Tuesday, November 13, 2012
အီဂျစ်နိုင်ငံတွင် ရထားနှစ်စင်းတိုက်မှုဖြစ်ပွား
အီဂျစ်နိုင်ငံ ကိုင်ရိုမြို့ တောင်ဘက် ၈၅ ကီလိုမီတာအကွာ ဖိုင်ယမ်မြို့တွင် နိုဝင်ဘာ ၁၀ ရက်က ရထားနှစ်စင်း တိုက်မှုဖြစ်ပွားရာ အနည်းဆုံးလေးဦး သေဆုံးပြီး ၃၀ ဒဏ်ရာရရှိခဲ့ကြောင်း အစိုးရပိုင် မီဒီယာများက သတင်းထုတ်ပြန်သည်။ ဖြစ်ပွားမှုမှာ အီဂျစ်နိုင်ငံ အလက်ဇန္ဒြရီးယားမြို့မှ ဖိုင်ယမ်မြို့သို့ ဦးတည်မောင်းနှင်လာသည့် အမှတ် ၃၂၆၅ ရထားနှင့် ကိုင်ရိုမြို့သို့ ဦးတည်နေသည့် အမှတ် ၃၆၀၇ ရထားတို့ ဖိုင်ယမ်မြို့အလယ်ပိုင်း စီလာကျေးရွာနှင့် နာဆာရီယာကျေးရွာနှစ်ရွာအကြားတွင် နိုဝင်ဘာ ၁၀ ရက် ညနေပိုင်းက တိုက်မိခဲ့ကြခြင်းဖြစ်သည်။ အဆိုပါ ရထားနှစ်စင်းတိုက်မှုကြောင့် လေးဦးသေဆုံးပြီး ၃၀ ဒဏ်ရာရရှိခဲ့ကြောင်း၊ ဒဏ်ရာရရှိသူများအား အရေးပေါ် ဆေးဝါးကုသရန် ဒေသတွင်းဆေးရုံများကို ပို့ဆောင်ပေးထားကြောင်း၊ ရထားနှစ်စင်း တိုက်မှုဖြစ်ပွားရသည့် အကြောင်းအရင်းကို သက်ဆိုင်ရာမှ စုံစမ်းစစ်ဆေးလျက်ရှိသည်။
khitlunge

No comments:
Post a Comment