Thursday, November 15, 2012

မန်ယူသည် မန်စီးတီးထက် ပိုကောင်းကြောင်း အီဗရာ ပြောကြား


မန်ချက်စတာ ယူနိုက်တက် အသင်းသည် မန်ချက်စတာ စီးတီးထက် သာလွန်သည့် ပရီးမီးယားလိဂ်၏ အကောင်းဆုံး မဟာကလပ် အသင်းအဖြစ် ပက်ထရစ် အီဗရာက ဂုဏ်တင် ပြောဆိုလိုက်သည်။
မြို့ခံပြိုင်ဘက် မန်စီးတီး၏ ခံစစ်မှူး အလက်ဇန္ဒား ကိုလာရော့ဗ်က ပရီးမီးယားလိဂ်တွင် မန်စီးတီးသာ အကောင်းဆုံးဟု ပြောဆိုခဲ့သည့်နောက် ပြင်သစ် လက်ရွေးစင် ခံစစ်မှူးက တန်ပြန် စကားစစ်ထိုးလာခြင်း ဖြစ်သည်။ ကိုလာရော့ဗ်က ယခုရာသီ မန်စီးတီးသည် ပရီးမီးယား လိဂ်တွင် ရှုံးပွဲမရှိ ဖြတ်သန်းနေပြီး မိမိတို့ကို အနိုင် ယူနိုင်မည့် အသင်း မရှိဟု ကြွေးကြော်ခဲ့သည်။ အမှတ်ပေး ဇယားတွင် ထိပ်ဆုံးမှ ဦးဆောင်နေသော မန်ယူ အသင်း၏ ဝါရင့် ကစားသမားကလည်း မန်ယူက မန်စီးတီးထက် သာကြောင်း ပြန်လည် ပြောဆိုခဲ့သည်။
"မန်ချက်စတာ ကလပ် အသင်းတွေရဲ့ အားပြိုင်မှုအကြောင်း ကျွန်တော် လိုက်စဉ်းစားမနေဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ အမြဲတမ်း သိထားပြီးသား အရာက မန်စီးတီးထက် မန်ယူက အမြဲတမ်း သာလွန်နေပြီးသား ဆိုတာပါပဲ။ သူတို့ဟာ မနှစ်က ချန်ပီယံ ဖြစ်ခဲ့တယ် ဆိုရင်တောင် ဒီအချက်ကတော့ မပြောင်းလဲပါဘူး" ဟု အီဗရာက လှောင်ပြောင် မှတ်ချက်ပြုခဲ့သည်။ အီဗရာက ၎င်းသည် ပြင်သစ် အသင်း အတွက်လည်း ဆုဖလား တစ်လုံး ရယူပေးလိုကြောင်း ဝန်ခံသွားသည်။
soccer myanmar

No comments:

Post a Comment