Friday, November 9, 2012
ဂွါတီမာလာတွင် ငလျင်လှုပ်ခတ် ၄၈ ဦးထက်မနည်း သေဆုံး
ဂွါတီမာလာနိုင်ငံ ပစိဖိတ်ကမ်းလွန်တွင် နိုဝင်ဘာ ၇ ရက်က အင်အား ၇ ဒသမ ၄ အဆင့်ရှိ အင်အားပြင်းငလျင်လှုပ်ခတ်ရာ ၄၈ ဦးထက်မနည်း သေဆုံး၍ ၁၅၅ ဦး ဒဏ်ရာရရှိကြောင်း သိရသည်။ ငလျင်ဒဏ်ခံရသော ဒေသသို့ ဂွါတီမာလာနိုင်ငံသမ္မတ အော်တိုပါရက်ဇ်မိုလီနာ သွားရောက်ကြည့်ရှုခဲ့သည်။ ငလျင်ဒဏ်ကြောင့် ဆန်မားကို့စ်ပြည်နယ်တွင် လူ ၄၀ သေဆုံးကာ ယင်းပြည်နယ်နှင့် ကပ်လျက်ရှိသော ကြီရက္ဇ္ဇာတီနန္ဂို ပြည်နယ်၌ ရှစ်ဦးသေဆုံးသည်။ ဒဏ်ရာရရှိသွားသူ ၁၅၅ ဦးမှာ ယင်းပြည်နယ်များမှ ပင်ဖြစ်ကြပြီး လူနေအိမ် ၁၃၁ လုံး ပျက်စီးသွားကြောင်း၊ အိုးမဲ့အိမ်မဲ့ဖြစ်သူ လူ ၈၀၀ ခန့်အတွက် ခိုလှုံစရာနေရာများကို စီစဉ်ပေးထားကြောင်း သိရသည်။ ယင်းငလျင်သည် ဂွါတီမာလာစီးတီး အနောက်တောင်ဘက်မှ ကီလိုမီတာ ၂၀၀ ကွာဝေးသော ချန်ပါရီကိုမြို့ ကမ်းလွန် ပစိဖိတ်သမုဒ္ဒရာအတွင်း ဗဟိုပြု၍ ရေအောက်အနက် ၅ ဒသမ ၄ ကီလိုမီတာတွင် လှုတ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
khitlunge

No comments:
Post a Comment