Thursday, November 22, 2012

ဒရော့ဂ်ဘာကို ချယ်လ်ဆီး အငှားပြန်လည် ခေါ်ယူဖွယ် ရှိနေ


ချယ်လ်ဆီး အသင်းသည် တိုက်စစ်အင်အား အရေးပေါ် ဖြည့်ဆည်းရန် အတွက် ကစားသမားဟောင်း ဒီဒီရာ ဒရော့ဂ်ဘာကို အငှား ခေါ်ယူရန် စီစဉ်နေကြောင်း သိရှိရသည်။
ပြီးခဲ့သည့် နွေရာသီက ချယ်လ်ဆီးနှင့် စာချုပ်သက်တမ်း ကုန်ဆုံးခဲ့ပြီး တရုတ်ကလပ် ရှန်ဟိုင်းဆင်ဟွာသို့ ပြောင်းရွှေ့သွားသည့် အိုင်ဗရီကို့စ် ကစားသမားသည် ယခုအခါ ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (FIFA)ထံသို့ အရေးပေါ် အငှားပြောင်းရွှေ့ခွင့် အတွက် ပန်ကြား တောင်းဆိုထားသည်။ သာမန်အားဖြင့် FIFAစည်းမျဉ်းအရ ဥရောပ ကလပ်အသင်း တစ်ခုသို့ ပြောင်းရွှေ့မည့် ကစားသမား တစ်ဦးသည် ဇန်နဝါရီ (၁)ရက်နေ့ထိ စောင့်ဆိုင်းရမည် ဖြစ်သော်လည်း အသက်(၃၄)နှစ်ရှိ ဒရော့ဂ်ဘာက ရက်ပိုင်းအတွင်း အငှားပြောင်းရွှေ့ခွင့် အတွက် စာတင်ခဲ့ခြင်း ဖြစ်သည်။
FIFAက ယင်းကိစ္စကို လက်ခံစဉ်းစားနေကြောင်း အတည်ပြုခဲ့သော်လည်း မည်သည့် ဆုံးဖြတ်ချက်မျှ မချမှတ်ရသေးဟု ဆိုသည်။ ဒရော့ဂ်ဘာသည် ယင်းအစီရင်ခံစာ အောင်မြင်မှု ရရှိပါက ချယ်လ်ဆီးသို့ ကာလတို လာရောက်ပူးပေါင်းပြီး ဇန်နဝါရီလ (၁၉)ရက်နေ့တွင်မူ အာဖရိက ဖလားအတွက် လက်ရွေးစင် အသင်းသို့ သွားရောက် ပူးပေါင်းဖွယ် ရှိနေသည်။ ဒရော့ဂ်ဘာ လက်ရှိ ကစားနေသော ရှန်ဟိုင်း အသင်း၏ တရုတ်စူပါလိဂ် ဘောလုံးရာသီမှာ ယခုလအတွင်း ကုန်ဆုံးမည် ဖြစ်သည့်နောက် ဒီဇင်ဘာလတွင် စတမ်းဖို့ဒ်ဘရစ်ဂ်ျသို့ ပြန်လည် သွားရောက်ရန် မျှော်လင့်နေခြင်းလည်း ဖြစ်သည်။
soccer myanmar

No comments:

Post a Comment