Friday, November 2, 2012
မြန်မာ့ဆက်သွယ်ရေးကွန်ရက် အများပိုင် ကုမ္ပဏီလီမိတက် ဖွဲ့စည်း တည်ထောင်ပြီးဖြစ်ကြောင်း အများပြည်သူသို့ ကြေညာ
နိုင်ငံတော် အစိုးရမှ ချမှတ်ထားသော မူဝါဒများနှင့်အညီ ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းများတွင် ပုဂ္ဂလိကဏ္ဍအနေဖြင့် ပါဝင်ပူးပေါင်းဆောင် ရွက် ရန်
အတွက် မြန်မာနိုင်ငံ ကုမ္ပဏီများ အက်ဥပဒေနှင့်အညီ
မြန်မာ့ဆက်သွယ်ရေး
ကွန်ရက်အများပိုင် ကုမ္ပဏီ လီမိတက်ကို
၂၀၁၂ ခုနှစ် အောက်တိုဘာ ၂၄ ရက်တွင် ကုမ္ပဏီမှတ်ပုံတင်အမှတ် ၃၀၅၂/၂၀၁၂-၂၀၁၃ ဖြင့် ဖွဲ့စည်းတည်ထောင်ပြီး ဖြစ်ကြောင်း အများပြည်သူအား ကြေညာအပ်ပါသည်။
ကုမ္ပဏီရုံးခန်းတည်နေရာ- ငါးလွှာ၊ ဆရာစံပလာဇာ၊ တက္ကသိုလ်ရိပ်သာ
လမ်းသစ်နှင့် ဆရာစံလမ်းထောင့်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။
ကုမ္ပဏီသည် နိုင်ငံတော်အစိုးရမှ ပြဋ္ဌာန်းထားသည့် တည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်သွယ်ရေး၊ ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင် လျှောက်ထား၍ ဆက်သွယ်ရေး ဝန်ဆောင်မှု
လုပ်ငန်းများ ဆောင်ရွက်ရန်၊ မိုဘိုင်းဖုန်း၊ ကြိုးဖုန်း၊ ရုပ်မြင်သံကြား၊ သတင်းနှင့် ဆက်သွယ်ရေး၊ အင်တာနက် ဝန်ဆောင်မှုများပေးရန်၊ ဆက်သွယ်ရေးကွန်ရက် ဒီဇိုင်းရေးဆွဲခြင်း၊ ဆက်သွယ်ရေး ဝန်ဆောင်မှု
အတွက် အခြေခံအဆောက်အအုံများ တည်ဆောက်ခြင်းတို့ကို လုပ်ကိုင်ဆောင်ရွက်ရန် ရှိပါသည်။
အစုရှယ်ယာတစ်စုလျှင် ကျပ်တစ်သောင်း သတ်မှတ်ထားပြီး အများပြည်သူ၏ အစုရှယ်ယာများကို မကြာမီကာလအတွင်း ဖိတ်ခေါ်မည်ဖြစ်ပါကြောင်း အသိပေးကြေညာအပ်ပါသည်ဟု
၂၀၁၂ ခုနှစ် နိုဝင်ဘာ ၂ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားပါသည်။
khitlunge
No comments:
Post a Comment
‹
›
Home
View web version
No comments:
Post a Comment