Wednesday, November 21, 2012
သဘာဝ ဘေးအန္တရာယ် စောင့်ကြည့်ရေး ဂြိုလ်တု တရုတ်လွှတ်တင်
တရုတ်နိုင်ငံ သဘာဝပတ်ဝန်းကျင်နှင့် သဘာဝဘေးအန္တရာယ်များ ဆိုင်ရာ သတင်းအချက်အလက်များ ရယူနိုင်ရေးအတွက် သဘာဝပတ်ဝန်းကျင်နှင့် သဘာဝအန္တရာယ် စောင့်ကြည့်ရေးဆိုင်ရာ တတိယမြောက် ဂြိုလ်တုတစ်လုံးကို နိုဝင်ဘာ ၁၉ ရက်က အောင်မြင်စွာ လွှတ်တင်လိုက်ကြောင်း တရုတ်အရာရှိများက သတင်းထုတ်ပြန်သည်။ ယင်းဂြိုဟ်တုကို တရုတ်နိုင်ငံမြောက်ပိုင်း တေယန်ဂြိုလ်တု လွှတ်တင်ရေးစခန်းမှ နိုဝင်ဘာ ၁၉ ရက် နံနက်က လွှတ်တင်ခဲ့ခြင်း ဖြစ်သည်။ ၁၄ ဂြိုလ်တုသည် တရုတ်နိုင်ငံတွင် ၂၀၀၃ ခုနှစ်က လွှတ်တင်ခဲ့သော သဘာဝပတ်ဝန်းကျင်နှင့် ရာသီဥတုဆိုင်ရာ ဂြိုလ်တုငယ်နှင့်လည်း ချိတ်ဆက်ကာ လုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်သည်။ ထို့အပြင် တရုတ်နိုင်ငံတွင် ၂၀၀၈ ခုနှစ် စက်တင်ဘာလက လွှတ်တင်ခဲ့သော သဘာဝပတ်ဝန်းကျင်နှင့် သဘာဝဘေးဆိုင်ရာ ဂြိုလ်တုနှင့်လည်း ဂြိုလ်တုကွန်ရက်သဖွယ် ချိတ်ဆက်ကာ သတင်းအချက်အလက်နှင့် ဓာတ်ပုံများ ထုတ်ပြန်ပေးသွားမည်ဖြစ်သည်။ တစ်ဖန် ယင်းဂြိုဟ်တုသည် ထူးခြားသော တိမ်များဖြစ်ထွန်းမှု၊ တိမ်များ၏ ဝန်းကျင်တွင်ရှိသော လေတိုက်နှုန်း ပြောင်းလဲမှု၊ ပင်လယ်သမုဒ္ဒရာများတွင် မုန်တိုင်းများဖြစ်ထွန်းမှု၊ သဘာဝပတ်ဝန်းကျင်များ ပြောင်းလဲဖြစ်ပေါ်မှုနှင့် ပတ်သက်ပြီး သတင်းအချက်အလက်များ ရယူထုတ်ပြန်ပေးသွားမည် ဖြစ်သည်။ အဆိုပါ ဂြိုလ်တုကို တရုတ်နိုင်ငံလုပ် လောင်းမတ်ခ်ျ-၂ စီးဒုံးပျံဖြင့် ကမ္ဘာပတ်လမ်းကြောင်း အတွင်းသို့ သယ်ဆောင်သွားခြင်း ဖြစ်သည်။ လောင်းမတ်ခ်ျ-၂ စီးဒုံးပျံသည် ယခင်က ထုတ်ခဲ့သော လောင်းမတ်ခ်ျ အမျိုးအစား ဒုံးပျံများထက် ဒီဇိုင်း၊ နည်းပညာနှင့် ထုတ်လုပ်မှုစနစ်များ ပိုမိုကောင်းမွန်သည့် ဂြိုလ်တု အမျိုးအစား ဖြစ်သည်။
khitlunge

No comments:
Post a Comment