Friday, November 2, 2012

ဆော်ဒီအာရေဗျတွင် လောင်စာဆီတင်ယာဉ်ပေါက်ကွဲ


ဆော်ဒီအာရေဗျနိုင်ငံ မြို့တော် ရီယာ့ဒ်တွင် လောင်စာဆီတင် ယာဉ်တစ်စီး နိုဝင်ဘာ ၁ ရက်က ပေါက်ကွဲမှုဖြစ်ပွားရာ အနည်းဆုံး လူ ၂၂ ဦး သေဆုံး၍ ၁၁၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မြို့တော် ရီယာ့ဒ်အရှေ့ပိုင်း ရှိတ်ဂျာဘား လမ်းမကြီးတွင်ရှိသော တံတားတစ်စင်းကို အဆိုပါ လောင်စာဆီတင်ယာဉ်က ၀င်တိုက်မိရာမှ မီးလောင်ပေါက်ကွဲခြင်းဖြစ်ကြောင်း၊ မီးလောင်မှုကြောင့် အနီးအနားရှိ မော်တော်ယာဉ်များနှင့် နေအိမ်များ ထိခိုက်ပျက်စီးသွားကြောင်း သိရသည်။ မီးလောင်ပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိသွားသည့် ယာဉ်မောင်းအပါအ၀င် ဒဏ်ရာ ရရှိသွားသူများကို ဆေးရုံသို့ တင်ပို့ပေးလိုက်ကြောင်း၊ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများကို အပြီးမသတ်နိုင်သေးခြင်းကြောင့် အသေအပျောက်စာရင်းကိုလည်း အတည်မပြုနိုင်သေးကြောင်း သိရသည်။ 
khitlunge

No comments:

Post a Comment