Friday, November 30, 2012

ဗဟိုအာရှနိုင်ငံများနှင့် အီးယူလုံခြုံရေး ပူးပေါင်းဆောင်ရွက်မည်


ဥရောပသမဂ္ဂ (အီးယူ) နိုင်ငံခြားရေး မူဝါဒရေးရာ အကြီးအကဲ ကက်သလင်းအက်ရှတွန်နှင့် ဗဟိုအာရှနိုင်ငံများမှ ထိပ်တန်းသံတမန်များ ဒေသလုံခြုံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးရန် ဘစ်ရှကက်၌ နိုဝင်ဘာ ၂၇ ရက်က တွေ့ဆုံသည်။ မီးစ်ကက်သလင်းအက်ရှတွန်နှင့် ထိပ်တန်းသံတမန်များသည် စွမ်းအင်၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ရေအရင်းအမြစ်၊ ပညာရေး၊ တရားဥပဒေ စိုးမိုးရေး၊ လူ့အခွင့်အရေးနှင့် အရပ်ဘက် အဖွဲ့အစည်းများ အခန်းကဏ္ဍကဲ့သို့သော အကြောင်းအရာများကို ဆွေးနွေးခဲ့ကြသည်။ မိမိတို့ဒေသတစ်ခုလုံး ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းရန် ဥရောပသမဂ္ဂ (အီးယူ)နှင့် ထိရောက်စွာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးမှာ မိမိတို့နိုင်ငံက များစွာ အလေးထားကြောင်း ကာဂျစ်စတန်နိုင်ငံခြားရေး ၀န်ကြီး အာလန်အက် ဒီဒါယက်က ပြောကြားသည်။
khitlunge

No comments:

Post a Comment