Thursday, November 8, 2012

ရိုမေးနီးယားတွင် အစိုးရအရာရှိများနှင့် ဘဏ်လုပ်ငန်းရှင်များကို ထိန်းသိမ်း


ရိုမေးနီးယားနိုင်ငံတွင် အစိုးရအရာရှိ ၃၃ ဦးနှင့် ဘဏ်လုပ်ငန်းရှင်များကို အာဏာပိုင်များက နိုဝင်ဘာ ၂ ရက်တွင် ထိန်းသိမ်းလိုက်ကြောင်း အေပီသတင်းဌာနက ဖော်ပြသည်။ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၂၈ ဒသမ ငါးသန်းခန့်ရှိသည့် ငွေကြေးခ၀ါချမှုနှင့် အလွဲသုံးစားလုပ်မှုများ ကျူးလွန်ခဲ့ကြောင်း သံသယရှိရသဖြင့် ၄င်းတို့ကို ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထိန်းသိမ်းခံရသူများတွင် စီးပွားရေးဝန်ကြီးဌာနမှ အရာရှိသုံးဦး၊ ပြင်သစ်ပိုင် ရိုမေးနီးယား ဖွံ့ဖြိုးရေးဘဏ်မှ ဒုတိယဥက္ကဋ္ဌနှင့် စီးပွားရေးလုပ်ငန်း ချေးငွေများအတွက် ဘဏ်အာမခံဆိုင်ရာ အစိုးရအရာရှိတစ်ဦးတို့ ပါဝင်သည်။ နိုဝင်ဘာ ၁ ရက်က တရားရေးဝန်ထမ်းများသည် ဘူခါရက်၊ ကာလာရာဝီနှင့် အခြားမြို့တစ်မြို့ရှိ ရုံးများနှင့် နေအိမ် ၅၀ ခန့်ကို ၀င်ရောက်စီးနင်းခဲ့ပြီး လူပုဂ္ဂိုလ် ၁၀၀ ခန့်ကို စစ်ဆေးမေးမြန်းခဲ့သည်။ ၂၀၁၀ ခုနှစ်မှ ၂၀၁၂ ခုနှစ်အတွင်း အမျိုးသားနှစ်ဦးက ဒုစရိုက်ဂိုဏ်းတစ်ခိုကု စုစည်းခဲ့ရာတွင် ဘဏ်ဝန်ထမ်းများလည်း ပါဝင်ခဲ့သည်။ ၄င်းတို့သည် အမှန်တကယ်မရှိသော စီးပွားရေးလုပ်ငန်းများကို ဗန်းပြ၍ ရိုမေးနီးယား ဖွံ့ဖြိုးရေးဘဏ်ခွဲ ၁၆ ခုနှင့် အစိုးရပိုင် စီအီးစီငွေစုဘဏ်တို့မှ ဘဏ်ချေးငွေ အကြိမ် ၄၀ ရယူရန် လုပ်ဆောင်ခဲ့ကြသည်ဟု စွပ်စွဲခံထားရသည်။
khitlunge

No comments:

Post a Comment