ကမ်ပိန်းကာလ အိုဘားမား၊ ဓာတ်ပုံ- ဒီမိုကရက်ပါတီ
အမေရိကန် သမ္မတ အိုဘားမားဟာ မြန်မာနိုင်ငံကို ဒီလ လယ်ပိုင်းမှာ လာရောက် လည်ပတ်မယ်လို့ RFA မြန်မာဌာန စာမျက်နှာမှာ ရေးထားပါတယ်။
ဒါဟာ ၁၉၅၃ ခုနှစ်က အမေရိကန်သမ္မတတဦးရဲ့ မြန်မာနိုင်ငံခရီးစဉ်ပြီးရင် နှစ်ပေါင်း ၆၀ လောက် အတွင်း ပထမဆုံးလည်းဖြစ်ပါတယ်။
သမ္မတ အိုဘားမားဟာ မြန်မာနိုင်ငံကို ထိုင်းနိုင်ငံမှတဆင့် လာရောက်မှာဖြစ်ပြီး နိုဝင်ဘာလ ၁၇ ရက်နှင့် ၁၈ ရက်၊ ၂ ရက်တာ နေထိုင်မှာဖြစ်ပါတယ်။
ထိုင်းနိုင်ငံကိုတော့ လာမယ့် နိုဝင်ဘာလ ၁၆ ရက်နေ့မှာ ရောက်ရှိလာမှာဖြစ်ပြီး ကမ္ဘောဒီယားနိုင်ငံ ဖနွမ်းပင်မြို့ မှာ နိုဝင်ဘာလ ၁၈ ရက်နေ့ ကျင်းပမယ့် ကျင်းပမယ့် ၂၁ ကြိမ်မြောက် အာဆီယံနိုင်ငံများနဲ့ဆွေးနွေးပွဲကို တက်ရောက်ဖို့ ရှိပါတယ်။
irrawaddy blog

No comments:
Post a Comment