Sunday, November 4, 2012
နိုင်ငံတကာနှင့် ဒေသဆိုင်ရာများ အာဆီယံအဓိကအခန်းမှ ပါဝင်မှု ထိန်းထားရန်လို
အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) ၀င် ၁၀ နိုင်ငံ၏ အစွန်းမရောက်သော ရပ်တည်ချက် သဘောထားများကို အကြောင်းပြု၍ အာဆီယံအနေဖြင့် နိုင်ငံတကာနှင့် ဒေသဆိုင်ရာ ရေးရာကိစ္စများတွင် ၄င်း၏ အဓိကျသော အခန်းကဏ္ဍကို ထိန်းသိမ်းထားသင့်ကြောင်း အာဆီယံအတွင်းရေးမှူးချုပ် ဆူရင်ပစ်ဆူဝမ်က အောက်တိုဘာ ၃၁ ရက်တွင် ပြောကြားလိုက်သည်။ အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေဖြင့် ကြီးလေးသော သမိုင်းပေးတာဝန်ကို ထမ်းဆောင်ခဲ့ကြရသဖြင့် ပဋိပက္ခများမှ အသွင်ပြောင်းရေးတွင် အခြားသော နိုင်ငံများကဲ့သို့ ပိုမိုညင်သာသော အနေအထားများကို လမ်းညွှန်နိုင်ကြောင်း ပြောကြားသည်။ ထို့ကြောင့်ပင် အရှေ့အာရှ ဗိသုကာပုံစံသစ် ဖန်တီးရေးတွင် အာဆီယံနိုင်ငံများအနေဖြင့် အဓိကမောင်းနှင်အားအဖြစ် ပါဝင်သင့်ကြောင်း အာဆီယံအတွင်းရေးမှူးချုပ်က ပြောကြားလိုက်သည်။ အာဆီယံဈေးကွက် ခိုင်မာသည့်အတွက် အင်အားကြီးနိုင်ငံများက ၀င်ရောက်ရန် ကြိုးပမ်းလျက်ရှိကြောင်း ၄င်းက ထည့်သွင်းပြောကြားခဲ့သည်။
khitlunge

No comments:
Post a Comment