Thursday, November 29, 2012

လီဗာပူးလ် နိုင်ပွဲများ ရရှိလာရန် အလန် မျှော်လင့်နေ


လီဗာပူးလ်အသင်းကွင်းလယ်ကစားသမားဂျိုးအလန်ကမိမိတို့အသင်းသည်ပရီးမီးယားလိဂ်တွင် နိုင်ပွဲ
ဆက်အောင် စွမ်းဆောင်နိုင်သည့် အသင်းကောင်းတစ်ခုအဖြစ် ပြောင်းလဲနိုင်မည်ဟု ယုံကြည်ကြောင်း ပြောဆိုခဲ့သည်။
လီဗာပူးလ်သည် ဆွမ်ဆီးကွင်းတွင် ဂိုးမရှိ သရေ ကစားပြီးနောက် ပရီးမီးယားလိဂ်တွင် (၈)ပွဲဆက် အရှုံးမရှိ ရပ်တည်မှုကို ပိုင်ဆိုင်ထားခဲ့သည်။ သို့သော်လည်း အဆိုပါ (၈)ပွဲတွင် (၅)ပွဲမှာ သရေကျခဲ့ရာ လီဗာပူးလ် အနေဖြင့် ရမှတ်ပိုင်းတွင် သိသာထင်ရှားသော တိုးတက်မှု မရှိခဲ့ပေ။ အလန်က မန်နေဂျာ ဘရန်ဒန်ရော့ဂျာ ကိုင်တွယ်နေသော အသင်းအနေဖြင့် ယုံကြည်မှုပိုင်း ပိုမိုတိုးပွားလာပြီး အနာဂတ်တွင် နိုင်ပွဲများ ဖန်တီးနိုင်လာရန် မျှော်လင့်လျှက် ရှိသည်။ လီဗာပူးလ်သည် ဗုဒ္ဓဟူးနေ့တွင် အသင်းကောင်း တစ်ခုဖြစ်သည့် တော့တင်ဟမ် ဟော့စပါးနှင့် တွေ့ဆုံမည် ဖြစ်သည်။
အလန်က "ကျွန်တော်တို့ဟာ အခွင့်အလမ်းတချို့ ရရှိခဲ့ပါတယ်။ ဒါဟာ (၃)မှတ်စာအပြည့် ဖန်တီးနိုင်လောက်တဲ့ အခြေအနေ ရှိနေပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ဟာ ဆွမ်ဆီးနဲ့ ပွဲမှာ ခက်ခဲတဲ့ နေရာတစ်ခုမှာ အသင်းကောင်း တစ်ခုနဲ့ ရင်ဆိုင်ရမယ် ဆိုတာကို သိပြီးသား ဖြစ်ပါတယ်။ ကျွန်တော်တို့ တစ်သင်းလုံးဟာ ရည်မှန်းချက် ကြီးမားတဲ့ ပရော်ဖက်ရှင်နယ်တွေ စုစည်းထားတာပါ။ အားလုံးက ပွဲတိုင်းကို နိုင်ချင်နေကြတာ ဖြစ်ပါတယ်။ ကိုယ့်အသင်း (၃)မှတ် မရတိုင်း စိတ်ပျက်ကြရတယ်။ ဒါက သဘာဝပါပဲ။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ အကောင်းမြင်ပြီး ရှေ့ပွဲတွေ အနိုင်ယူနိုင်မယ်လို့ ယူဆပါတယ်။ စပါးနဲ့ပွဲမှာ (၃)မှတ်ရဖို့ ကြိုးစားသွားမှာပါ"ဟု ပြောကြားသွားခဲ့သည်။
Ref: Sky Sports
soccer myanmar

No comments:

Post a Comment