Sunday, November 4, 2012
နယူးယောက်ရေပြင်တွင် လောင်စာဆီယိုဖိတ်မှုဖြစ်ပွား
စန်ဒီစူပါမုန်တိုင်းကြောင့် အမေရိကန်နိုင်ငံ နယူးယောက်မြို့ ရေပြင်တွင် လောင်စာဆီ ယိုဖိတ်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း၊ အခြားဒေသများတွင် လောင်စာဆီလိုအပ်မှုများ ဖြစ်ပေါ်ပြီး ဓာတ်အားပြတ်တောက်မှုများ ကြုံတွေ့နေရကြောင်း၊ နိုဝင်ဘာ ၁ ရက် ပရက်စ်တီဗွီ သတင်းတစ်ရပ်တွင် ဖော်ပြပါရှိသည်။ အမေရိကန်နိုင်ငံ နယူးဂျာစီပြည်နယ် စီဝရန်မြို့တွင် ယင်းမုန်တိုင်း တိုက်ခတ်မှုကြောင့် ဒီဇယ်သိုလှောင်ကန် တစ်ခု ပျက်စီးခဲ့ပြီး ဒီဇယ်လောင်စာဆီများ ယိုဖိတ်ခဲ့ကြောင်း၊ သိုလှောင်ကန်အတွင်း ဒီဇယ်ပမာဏ မည်မျှရှိသည်ကို ထုတ်ပြန်ခြင်း မရှိကြောင်း၊ အဆိုပါ ဒီဇယ်ဆီများသည် နယူးဂျာစီပြည်နယ်နှင့် နယူးယောက်မြို့ စတာဒန်ကျွန်း ရေပြင်အထိ ပျံ့နှံ့ရောက်ရှိခဲ့ကြောင်း အမေရိကန် ရှယ်ရေနံကုမ္ပဏီက ပြောကြားသည်။ အဆိုပါ စူပါမုန်တိုင်း တိုက်ခတ်မှုကြောင့် လောင်စာဆီ သိုလှောင်ကန် ပေါက်ကွဲခဲ့ပြီးနောက် ဒီဇယ် ၃၃၆၀၀၀ ဂါလန် ယိုဖိတ်မှု ဖြစ်ပေါ်စေခဲ့ကြောင်း နယူးဂျာစီပြည်နယ် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုဆိုင်ရာ အရာရှိများက ပြောကြားသည်။
khitlunge

No comments:
Post a Comment