Tuesday, November 27, 2012
ကမ္ဘာ့အမြင့်ဆုံး အထပ် ၂၂၀ ပါမည့်တိုက် သုံးလအတွင်း အပြီး တည်ဆောက်မည်
ကမ္ဘာ့အမြင့်ဆုံး ဖြစ်လာမည်ဖြစ်သော အထပ် ၂၂၀ ပါ အဆောက်အအုံကို ရက်ပေါင်း ၉၀ အတွင်း တရုတ်နိုင်ငံမှ ဆောက်လုပ်သွားနိုင်မည်ဖြစ်သည်ဟု တရုတ်ပြည်တွင်း ဆောက်လုပ်ရေး ကုမ္ပဏီတစ်ခုဖြစ်သည့် ယူဝမ်ဒါအုပ်စုမှ ပြောဆိုခဲ့သည်။ အထပ်ပေါင်း ၂၂၀ ရှိ၍ ပေပေါင်း ၂၄၇၉ ပေကျော်ရှိသော်လည်း သဘာဝအကျိုးသက်ရောက်မှုဖြစ်သော မြေငလျင်ဒဏ်နှင့် လေတိုက်နှုန်း၊ လေဖိအားမြင့်မားသည် ဒဏ်ကို ခံနိုင်ရည် ရှိရန် နွဲ့ပျောင်းလှုပ်ရှားနိုင်အောင် ဒီဇိုင်းထုတ် တည်ဆောက်သွားမည်ဟု ကုမ္ပဏီသက်ဆိုင်ရာ အရာရှိက ပြောကြားသည်။ အဆိုပါ ကမ္ဘာ့အမြင့်ဆုံး အဆောက်အအုံကို တရုတ်နိုင်ငံတောင်ပိုင်း ဗဟိုအချက်အချာမြို့ဖြစ်သော ချန်ရာမြို့တွင် ဆောက်လုပ်မည်ဖြစ်ပြီး မြို့ပြအင်ဂျင်နီယာရေးရာ အဆင့်မြင့်နည်းစနစ်များဖြင့် အဆောက်အအုံ၏ ငါးလွှာကို တစ်ရက်နှုန်း ဆောက်လုပ်သွားမည်ဟု ဆိုသည်။ အဆိုပါ ဆောက်လုပ်ရေးလုပ်ငန်းခွင်ကို ယခုနှစ်ကုန်ပိုင်းတွင် စတင်မည်ဟု မျှော်လင့်ထားသော်လည်း တရုတ်အစိုးရ၏ အတည်ပြုချက်ကို စောင့်ဆိုင်းနေဆဲဖြစ်ကြောင်းနှင့် ထိုအဆောက်အအုံကြီး ပြီးစီးပါက လူပေါင်း ၃၁၀၀၀ အခြေချနေထိုင်နိုင်မည်ဖြစ်ကာ ထိုအဆောက်အအုံတွင် စာသင်ကျောင်းများ၊ ဆေးရုံများ၊ ရုံးများနှင့် အခြားစီးပွားရေးလုပ်ငန်းစုများ ပါဝင်မည်ဟု သိရသည်။
khitlunge

No comments:
Post a Comment