လူလိုက်ပါမည့် အာကာသယာဉ် တရုတ်ထပ်မံလွှတ်တင်မည်
တရုတ်နိုင်ငံက
လာမည့် ၂၀၁၃ ခုနှစ်တွင် လူလိုက်ပါမည့် အာကာသယာဉ်တစ်စင်းကို
ထပ်မံလွှတ်တင်ရန် စီစဉ်ထားကြောင်း ဒေသဆိုင်ရာ မီဒီယာများက နိုဝင်ဘာ ၁၀
ရက်တွင် သတင်းထုတ်ပြန်သည်။ အဆိုပါ အာကာသယာဉ်တွင် အာကာသယာဉ်မှူးသုံးဦး
လိုက်ပါမည်ဖြစ်ပြီး ၄င်းအာကာသယာဉ်မှူးသုံးဦးမှာ အမျိုးသမီးတစ်ဦးနှင့်
အမျိုးသား နှစ်ဦးတို့ဖြစ်ကြောင်း အာကာသယာဉ်လွှတ်တင်ရေး အစီအစဉ်၏
တာဝန်ခံအရာရှိတစ်ဦးက ထုတ်ဖော်ပြောကြားသည်။ ရှန်ကျို့-၉ လူလိုက်ပါသည့်
အာကာသယာဉ် လွှတ်တင်ခဲ့ပြီးနောက် နောက်ထပ်လူလိုက်ပါမည့် အာကာသယာဉ်ကို
ထပ်မံလွှတ်တင်ရန် စီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။
khitlunge
No comments:
Post a Comment