Tuesday, November 13, 2012

ဆွီဒင်ဝန်ကြီးချုပ် နေအိမ်စောင့် လုံခြုံရေးဝန်ထမ်းသေဆုံး


ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့ ဆွီဒင်ဝန်ကြီးချုပ်၏ နေအိမ်ဂေဟာ၌ နှစ်ပေါင်းများစွာ နေထိုင်ကာ တာဝန်ထမ်းဆောင်နေသည့် လုံခြုံရေးဝန်ထမ်းတစ်ဦး နိုဝင်ဘာ ၉ ရက် မွန်းလွဲပိုင်းက သေဆုံးသွားခဲ့ကြောင်း သိရသည်။ အသက် ၅၀ ခန့်အရွယ်ရှိ အဆိုပါ လုံခြုံရေးအစောင့်ဝန်ထမ်းသည် စတော့ဟုမ်းမြို့ ဆွီဒင်ဝန်ကြီးချုပ် နေထိုင်ရာ ဆာဂျာနန်းတော်၏ အ၀င်လမ်းအနီး လုံခြုံရေးကင်းတဲတစ်ခု၌ သူ၏ လက်ထဲတွင် သေနတ်တစ်လက်နှင့်အတူ သေဆုံးနေသည်ကို သူ၏ လုပ်ဖော်ကိုင်ဖက်ဝန်ထမ်းတစ်ဦးက နေ့လယ်စာစားပြီး ပြန်လာချိန်တွင် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ဆွီဒင်ဝန်ကြီးချုပ် ဖရက်ဒစ်ရိန်းဖဲလ်နှင့် သူ၏ မိသားစုဝင်များသည် ထိုသို့ဖြစ်ပွားချိန်တွင် ဆာဂျာနန်းတော်အိမ်အတွင်း၌ မရှိကြကြောင်း မီဒီယာများက ပြောကြားသည်။ ရဲတပ်ဖွဲ့ တာဝန်ရှိသူများက ၄င်းလုံခြုံရေးဝန်ထမ်း မည်သည့်အတွက်ကြောင့် သေဆုံးသည်ကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။ 
khitlunge

No comments:

Post a Comment