ဘရာဇီးထိပ်တန်းအရာရှိဟောင်း အဂတိလိုက်စားမှုဖြင့် ပြစ်ဒဏ်ချမှတ်ခံရ
ဘရာဇီးနိုင်ငံတော်
တရားရုံးချုပ်က ထိပ်တန်းအစိုးရ အရာရှိဟောင်းတစ်ဦးအား အဂတိလိုက်စားမှုဖြင့်
ထောင်ဒဏ် ၁၀ နှစ်နှင့် ၁၀ လ ပြစ်ဒဏ်စီရင် ချမှတ်လိုက်ကြောင်း နိုဝင်ဘာ ၁၄
ရက်က သိရသည်။ သမ္မတဟောင်း လူလာဒါဆီးလ်ဗားလက်ထက် ၂၀၀၃ ခုနှစ်မှ ၂၀၀၅
ခုနှစ်အထိ သမ္မတရုံးအရာရှိချုပ် တာဝန်ထမ်းဆောင်ခဲ့သူ ဟိုဆေးဒါဆီ
(၆၆-နှစ်)အား အဂတိလိုက်စားမှုဖြင့် ထောင်ဒဏ်ခုနစ်နှစ်နှင့် ၁၁ လ၊
ရာဇ၀တ်မှုတစ်ခုနှင့် ပါဝင်ပတ်သက်သဖြင့် ထောင်ဒဏ် နှစ်နှစ်နှင့် ၁၁ လ အပြင်
ဒဏ်ငွေ ရီယယ် ၆၇၆၀၀၀ (အမေရိကန်ဒေါ်လာ ၃၂၉၇၅၆) ပေးဆောင်ရန် နိုင်ငံတော်
တရားရုံးချုပ်က ဆုံးဖြတ်လိုက်သည်။ သမ္မတ လူလာဒါဆီးလ်ဗား အစိုးရလက်ထက်
အမှုထမ်းဟောင်း ၃၇ ဦးကို ဥပဒေအရ အရေးယူရာတွင် ဟိုဆေးဒါဆီလည်း တစ်ဦးအဖြစ်
ပါဝင်ခြင်းဖြစ်သည်။
khitlunge
No comments:
Post a Comment