Thursday, November 8, 2012
ဆီးရီးယားသူပုန်များ မဟာဗျူဟာ လေတပ်စခန်းတစ်ခုကို တိုက်ခိုက်
ဆီးရီးယားနိုင်ငံ မြောက်ပိုင်း၌ တည်ရှိပြီး စစ်ရေးမဟာဗျူစာအရ အချက်အချာကျသော အစိုးရ လေတပ်အခြေစိုက်စခန်း တစ်ခုကို ဆီးရီးယားသူပုန်တပ်ဖွဲ့များက နိုဝင်ဘာ ရက်တွင် အရုဏ်ဦး ထိုးစစ်ဆင်နွှဲခဲ့ကြောင်း သိရသည်။ သူပုန်တပ်ဖွဲ့များသည် တက်ဖ်တန်နက်ဇ်အမည်ရှိ လေတပ်စခန်းကို နိုဝင်ဘာ ၃ ရက် အရုဏ်တက်တွင် ထိုးစစ်ဆင်နွှဲခဲ့ရာ ယင်းနေ့ မွန်းလွှဲပိုင်းအထိ ဆီးရီးယားအစိုးရတပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဆီးရီးယားအစိုးရ ဆန့်ကျင်ရေး အုပ်စုတစ်ခုက ပြောကြားသည်။ ဆီးရီးယားနိုင်ငံ ဒမတ်စကပ်မြို့တော်နှင့် အလက်ပိုမြို့တော်တို့အကြား ဆက်စပ်ပေးထားသော အဓိက အဝေးပြေးလမ်းမကြီးတစ်ခုအနီး တည်ရှိသည့် တက်ဖ်တန်နက်မဇ် လေတပ်စခန်း၌ အစိုးရတပ်ဖွဲ့များ၏ တိုက်ခိုက်ရေး ရဟတ်ယာဉ်များကို ထားရှိသည်။ ယင်းလေတပ်စခန်းအား သိမ်းပိုက်နိုင်ခဲ့ပါက ဆီးရီးယား အစိုးရတပ်ဖွဲ့၏ လေကြောင်းဖိုးစစ်ဒဏ်ကို အလူးအလဲခံနေရသော သူပုန်တပ်ဖွဲ့များအတွက် မဟာအောင်မြင်မှုတစ်ရပ် ဖြစ်လာလိမ့်မည်။ ဆီးရီးယား ပြဿနာနှင့် ပတ်သက်၍ နိုင်ငံတကာ ညီလာခံတစ်ရပ်ကို ကာတာနိုင်ငံ၌ မကျင်းပမီ တစ်ရက်အလိုတွင် တက်ဖ်တန်နက်ဇ် လေတပ်စခန်း ထိုးစစ်အား သူပုန်များက ဆင်နွှဲခဲ့ခြင်းဖြစ်သည်။
khitlunge

No comments:
Post a Comment