Wednesday, November 21, 2012

မြန်မာနိုင်ငံဧရိယာ၏ ၅၄ ရာခိုင်နှုန်းကျော်တွင် သတ္တုကြော၊ သတ္တုသိုက်များခိုအောင်းနေ၊ သတ္တု အမျိုးအစား ၄၀ ခန့်ထွက်ရှိပြီး ကမ္ဘာ့ပေါ်ပင်ဈေးကွက်ဝင် အမျိုးပေါင်း ၂၀ အထိပါဝင်ကြောင်း ထုတ်ပြန်

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လုပ်ငန်းခွင်တစ်နေရာ

မြန်မာနိုင်ငံဧရိယာ၏ ၅၄ ရာခိုင်နှုန်းဝန်းကျင်တွင် သတ္တုကြော၊ သတ္တုသိုက်များ ခိုအောင်းလျက်ရှိကြောင်း အမျိုးသားအဆင့် သတ္တုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးပွဲမှ သတင်းရရှိပါသည်။
မြန်မာနိုင်ငံ၏ မြို့နယ်ပေါင်း ၃၂၅ မြို့နယ်တွင် ၁၇၆ မြို့နယ်၌ သတ္တုကြော၊ သတ္တုသိုက်နှင့် သတ္တုဖြစ်တည်စွဲဝင်မှုများ ရှိနေကြောင်းနှင့် သတ္တုအမျိုးအစားပေါင်း ၄၀ ခန့်ထွက်ရှိပြီး အမျိုး ၂၀ မှာ ကမ္ဘာပေါ်တွင် ဈေးကွက်ဝင် သတ္တုများဖြစ်ကြောင်း အမျိုးသားလွှတ်တော် သတ္တုနှင့်သယံဇာတရေးရာ ကော်မတီ၏ ဥက္ကဋ္ဌ ဦးနေ၀င်းထွန်းက ဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။
သတ္တုဖြစ်တည်စွဲဝင်မှုမှာ တစ်ဆက်တစ်စပ်တည်းမဟုတ်သည့်တိုင် မြေအောက် ပေ ၁၀၀၀ ခန့်အထိ ဖြစ်တည်တတ်ကြောင်း၊ နိုင်ငံ တော်အနေဖြင့် ပိုမိုထိရောက်စွာ လေ့လာသုတေသနပြုပြီး သတ္တုသိုက်ပမာဏများပြား၍ ရာခိုင်နှုန်းအများအပြား စမ်းသပ်တွေ့ရှိပါက သတ္တုရတနာမြေသတ်မှတ် စီမံခန့်ခွဲလျင် အကျိုးပိုမိုဖြစ်ထွန်းမည်ဟုလည်း သုံးသပ်ခဲ့ပါသည်။
လက်ရှိတွင် ကျောက်မျက် ရတနာမြေကဲ့သို့ သတ္တုရတနာမြေ သတ်မှတ်ထားခြင်း မရှိသည့်အတွက်  သတ္တုလုပ်ကွက် လျောက်ထားရာတွင် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ စီမံကိန်းများနှင့် လွတ်ကင်းမှုရှိ၊ မရှိ၊ သစ်တော ဧရိယာအတွင်းကျရောက်မှုရှိ၊ မရှိ၊ ရေအားလျပ်စစ်စီမံကိန်းများနှင့် ငြိစွန်းခြင်းရှိ၊ မရှိစိစစ်ပြီးမှ သက်ဆိုင်ရာဝန်ကြီးဌာနအသီးသီး၏ ကန့်ကွက်ရန်မရှိကြောင်း ထောက်ခံစာရယူလုပ်ကိုင်ရသည်ဟု သိရသည်။
ယင်းအပြင် မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့ပေါ်ပင်ဈေးကွက်ဝင် သတ္တုအမျိုးပေါင်း ၂၀ ခန့် ထွက်သည်ဟု ဆိုသော်လည်း သတ္တုစင်အဖြစ် ထုတ်လုပ်တင်ပို့နိုင်မှု အားနည်းကြောင်း၊ သတ္တုစင်အဖြစ် တင်ပို့နိုင်သည်အထိ စနစ်တကျ ထုတ်လုပ်တင်ပို့ခြင်း၊ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီး မှုမရှိစေရန် စည်းကမ်းစနစ်များထားရှိ လုပ်ဆောင်သင့်ကြောင်းနှင့် သတ္တုထုတ်လုပ်မှုအတွက် လုပ်ကိုင်ခွင့်ချထားပေးမှုကိုလည်း ပြင်ဆင်ပေးသင့်ကြောင်း ဦးနေ၀င်းထွန်းက တင်ပြဆွေးနွေးခဲ့သည်။
သတ္တုတူးဖော်ရေးလုပ်ကိုင်သည့် လုပ်ငန်းရှင်တစ်ဦးက ''သတ္တုရတနာမြေ မသတ်မှတ်နိုင်သေးတဲ့အတွက် အခုသတ္တုစီမံကိန်းတွေမှာ တောင်သူတွေနဲ့ ပြဿနာဖြစ်နေတာရှိတယ်။  ဥပမာ သတ္တုရတနာမြေသတ်မှတ်ပြီး လုပ်ကွက်ချထားတဲ့အခါ  စီမံကိန်း တကယ်ပေးသင့်တဲ့နေရာဆို ရင်တောင် တောင်သူတွေဘ၀မထိခိုက်အောင် ဘယ်လိုပေးလျော် လုပ်ကိုင်ရမယ်ဆိုတာမျိုးကအစ ဥပဒေ၊ နည်းဥပဒေတွေနဲ့ ဒေသခံတွေကို ကာကွယ်ပေးပြီး လုပ်ကိုင်ရင်ဒေသခံတွေလည်း မထိခိုက်ဘူး၊ ထုတ်လုပ်တဲ့ စီမံကိန်းလည်း ပိုဖြစ်ထွန်းမယ်။ သတ္တုကို တစ်ဝက်တစ်ပျက်ပဲ သန့်စင်ပြီးပို့နေတာကလည်း မဖြစ်သင့်တော့ဘူး''ဟု ပြောပြခဲ့သည်။
မြန်မာနိုင်ငံတွင်သတ္တုကြော၊ သတ္တုသိုက်တည်ရှိသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ် အရေအတွက်

ဒေသ မြို့နယ်ပေါင်း သတ္တုကြောရှိမြို့နယ်
ကချင် ၁၈ ၁၅
ကယား
ကရင်
ချင်း
စစ်ကိုင်း ၃၈ ၂၆
တနင်္သာရီ ၁၀ ၁၀
မွန် ၁၀
ရခိုင် ၁၇
ရှမ်း ၅၄ ၃၉
ပဲခူး ၂၈ ၁၁
မကွေး ၂၅ ၁၈
မန္တလေး ၃၀ ၁၆
ရန်ကုန် ၄၅
ဧရာဝတီ ၂၆
EMG
 

No comments:

Post a Comment