Sunday, November 4, 2012
သီရိလင်္ကာတွင် မိုးသည်းထန်ပြီး ရေလွှမ်း
သီရိလင်္ကာနိုင်ငံတွင် လေပြင်းများတိုက်ခတ်ပြီး မိုးများသည်းထန်စွာ ရွာသွန်းမှုကြောင့် ခြောက်ဦးသေဆုံးပြီး အခြား ၆၉၆၅၉ ဦး အိုးမဲ့အိမ်မဲ့ဖြစ်သွားခဲ့ကြောင်း ဒေသဆိုင်ရာ အရာရှိများက နိုဝင်ဘာ ၁ ရက်တွင် ပြောကြားသည်။ သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့အနီးဝန်းကျင်ရှိ လမ်းအချို့တွင် ရေလွှမ်းပြီး သစ်ပင်များ ပြိုလဲမှုကြောင့် လမ်းပိတ်ဆို့မှုများ ဖြစ်ပေါ်ခဲ့ကြောင်း၊ နိုင်ငံတစ်ဝန်းသို့ ပြေးဆွဲနေသည့် ရထားခရီးသွား လုပ်ငန်းများလည်း ထိခိုက်ခဲ့ကြောင်း သိရသည်။ ရေလွှမ်းမှုကြောင့် အိုးမဲ့အိမ်မဲ့ ဖြစ်သူအများစုမှာ နိုင်ငံမြောက်ပိုင်း မူလတ်တီဗတ်မြို့တွင် ၁၈၄၁ ဦးနှင့် ဂျတ်ဖ်နာမြို့တွင် ၁၇၂၈ ဦးတို့ဖြစ်ကြောင်း၊ ထိုဆိုးရွားသော ရာသီဥတုကြောင့် အိမ် ၄၉ လုံး မှာ လုံးလုံးလျားလျား ပျက်စီးပြီး ၂၉၀၇ လုံးမှာ တချို့တ၀က် ပျက်စီးခဲ့ကြောင်း သိရသည်။
khitlunge

No comments:
Post a Comment