Saturday, November 17, 2012

အင်တာနက်ဥပဒေ အာရပ်စော်ဘွားများပြည်ထောင်စု တင်းကျပ်


ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ လူ့အခွင့်အရေး ကောင်စီအဖွဲ့ဝင်အဖြစ် ရွေးချယ်ခြင်းခံထားရသော အာရပ်စော်ဘွားများ ပြည်ထောင်စု (UAE)က နိုင်ငံတွင်းရှိ အတိုက်အခံ နိုင်ငံရေးသများများကို ဖိနှိပ်နိုင်ရန် အင်တာနက်ဥပဒေကို ပိုမိုတင်းကျပ်လိုက်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။ အင်တာနက် ရာဇ၀တ်မှုဥပေဒပြင်ဆင် ဖြည့်စွက်ချက် အမိန့်ကို အာရပ်စော်ဘွားများ ပြည်ထောင်စု သမ္မတ ရှိက်ခါလီဖာအယ်နုဟေရန်က အမိန့်ကြေညာချက် ထုတ်ပြန်ခဲ့သည်။ အဆိုပါ ဥပဒေအရ နိုင်ငံတော်နှင့် နိုင်ငံအင်စတီကျုရှင်းများ၏ ဂုဏ်ကျက်သရေ ထိခိုက်အောင် ပြုလုပ်သူများနှင့် အာဏာပိုင်များ၏ ခွင့်ပြုမိန့်မရဘဲ ဆန္ဒပြမှုပြုလုပ်ရန် အွန်လိုင်းမှ တစ်ဆင့် လှုံ့ဆော်သူများကို ထောင်ဒဏ်ချမှတ် အပြစ်ပေးသွားမည်ဖြစ်သည်။ ထို့အပြင် နိုင်ငံလုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေးကို ထိခိုက်စေသည်ဟု အုပ်ချုပ်သူများ ယူဆထားသည့် သတင်းများ၊ ကာတွန်းရုပ်ပြောင်များ၊ ရုပ်ပုံများ ဖြန့်ချိမှုကိုလည်း တားမြစ်ထားသည်။ အာရပ်စော်ဘွား ပြည်ထောင်စုကို ကုလသမဂ္ဂအဖွဲ့၏ လူ့အခွင့်အရေးကောင်စီဝင် နိုင်ငံတစ်နိုင်ငံအဖြစ် တာဝန်ထမ်းဆောင်ရန် ရွေးချယ်ခံရပြီး နာရီအနည်းငယ်အတွင်း နိုင်ငံတွင်းရှိ အင်တာနက် ဥပဒေကို ပိုမိုတင်းကျပ်ရန် အစိုးရအဖွဲ့က အမိန့်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
khitlunge

No comments:

Post a Comment