တောင်ကိုရီးယားမြောက်ပိုင်းတွင် လေယာဉ်ပျက်ကျ
တောင်ကိုရီးယားနိုင်ငံ
မြောက်ပိုင်းတွင် ဂျက်လေယာဉ်တစ်စင်း လေ့ကျင့်ပျံသန်းနေစဉ် ဂန်ဝမ်ပြည်နယ်
ဟွန်ဆွန်ခရိုင်ရှိ တောင်တစ်တောင်ကို ၀င်တိုက်မိပြီးနောက် ပျက်ကျပြီး
လေယာဉ်မှူး သေဆုံး သွားကြောင်း တောင်ကိုရီးယား မီဒီယာက နိုဝင်ဘာ ၁၅ ရက်တွင်
ဖော်ပြသည်။ နိုဝင်ဘာ ၁၅ ရက် ဒေသစံတော်ချိန် နံနက် ၁၀ နာရီ ၂၈ မိနစ်က
ပျက်ကျသည့် တီ- ၅၀ ဘီဂိုးလ်ဒင်းအီးဂဲ ဂျက်လေယာဉ်ပေါ်တွင် အသက် ၃၂ နှစ်ရှိ
လေယာဉ်မှူးလည်း လိုက်ပါသွားကြောင်း ယွန်ဟတ်သတင်းဌာနက ကြေညာသည်။ ထိုသို့
ပျက်ကျသဖြင့် ဂျက်လေယာဉ်မှာ ပျက်စီးသွားပီး ယင်းနေရာတွင် မီးလောင်ခဲ့သည်ဟု
သိရသည်။
khitlunge
No comments:
Post a Comment