Tuesday, November 6, 2012

ကမ္ဘာစစ်အတွင်း အာဇာနည်အမျိုးသမီးရုပ်တု လန်ဒန်မြို့၌ ဖွင့်လှစ်ပြသထားမည်


ဒုတိယကမ္ဘာစစ်အတွင်းက ကွယ်လွန်သူ အမျိုးသမီး အာဇာနည်း နျူရ်အိုင်နာယက်ခန်၏ ကိုယ်တစ်ပိုင်းရုပ်တုကို လန်ဒန်မြို့ ဗြိတိန်တော်ဝင်မင်းသမီး အင်န်က လာမည့် ရက်သတ္တပတ်အတွင်း ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။ နျူရ်ခန်သည် အိန္ဒိယနွယ်ဖွား ဗြိတိန်သူဖြစ်ပြီး အသိမ်းပိုက်ခံ ပြင်သစ်နယ်မြေအတွင်း စေလွှတ်ခံရသည့် ပထမဆုံး အမျိုးသမီး ရေဒီယိုအော်ပရေတာဖြစ်ပြီး စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သူဖြစ်သည်။ နောက်ဆုံး နာဇီတို့၏ ဖမ်းဆီးသတ်ဖြတ်ခြင်း ခံလိုက်ရသူဖြစ်သည်။ ၄င်း၏ ကိုယ်တစ်ပိုင်းကြေးရုပ်တုကို လန်ဒန်မြို့ ကပ်ဂေါ်နွန်ပန်းခြံ၌ နိုဝင်ဘာ ၈ ရက်တွင် ဖွင့်လှစ်မည်ဖြစ်သည်။ 
khitlunge

No comments:

Post a Comment