Tuesday, November 13, 2012

ဝန်ကြီး မစ္စ ဟီလာရီလည်း မြန်မာပြည်မှာ သမ္မတ အိုဘားမားနဲ့ ဆုံမယ်

 မစ္စ ဟီလာရီ ကလင်တန် ယခင်နှစ်က မြန်မာနိုင်ငံကို ဆိုက်ရောက်လာစဉ်၊ ဓာတ်ပုံ- ဧရာဝတီ

အမေရိကန် သမ္မတ မစ္စတာ  ဘားရက်အိုဘားမားဟာ မြန်မာနိုင်ငံ ခရီးစဉ်အတွင်းမှာ နိုင်ငံခြားရေး ၀န်ကြီး မစ္စ ဟီလာရီကလင်တန်နဲ့ မြန်မာနိုင်ငံမှာပဲ အတူ ဆုံတွေ့ကြမှာဖြစ်ပါတယ်။ 

နိုင်ငံခြားရေး ၀န်ကြီး မစ္စ ဟီလာရီကလင်တန်ဟာလည်း နိုဝင်ဘာလ ၁၉ ရက်နေ့မှာ သမ္မတ အိုဘားမားနဲ့ အတူတကွ မြန်မာနိုင်ငံမှာပြုပြင်ပြောင်းလဲရေးသမား သမ္မတ ဦးသိန်းစိန် နဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ တွေ့ဆုံကြမှာဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဌာန ပြောရေးဆိုခွင့် ရှိသူ Victoria Nuland ကဆိုပါတယ်။  

မစ္စ ဟီလာရီရဲ့ မြန်မာနိုင်ငံ ခရီးစဉ်ဟာ ဒါဆိုရင် ဒုတိယမြောက်လည်းဖြစ်ပါတယ်။ လွန်ခဲ့တဲ့နှစ် ဒီဇင်ဘာ လက မြန်မာနိုင်ငံကို ပထမဆုံး သမိုင်းဝင် ခရီးစဉ်တခုအဖြစ် သွားရောက်ခဲ့ပြီး သမ္မတ ဦးသိန်းစိန်နဲ့ အစိုးရ ထိပ်တန်းအရာရှိတွေ၊ လွှတ်တော်အကြီးအကဲတွေနဲ့ တခြား တာဝန်ရှိပုဂ္ဂိုလ်တွေ၊ မြန်မာ့ ဒီမိုကရေစီခေါင်း 

ဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့ တကွ ဒီမိုကရေစီရေး လှုပ်ရှားနေကြတဲ့ ခေါင်းဆောင်တွေကို လည်း
တွေ့ ဆုံခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ အမျိုါ်သားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်တွေကို ဆက်လက် ဖော်ဆောင်ရေးအတွက်နဲ့ ၂ နိုင်ငံ ဆက်ဆံရေး တိုးတက်မှုနဲ့ နွေးထွေး မှု 
တွေကို ဖော်ပြဖို့ အတွက် အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး မစ္စ ဟီလာရီရော၊ သမ္မတ အိုဘားမား တို့ ၂ ဦး လုံးက မြန်မာပြည် ခရီးစဉ်ကို လာရောက်ကြတာဖြစ်ပါတယ်။ 
irrawaddy blog

No comments:

Post a Comment