Thursday, November 15, 2012
သြစတြေးလျမှ ထောင်ပေါင်းများစွာသော ပြည်သူများ နေအပြည့်အ၀ ကြတ်သည့်မြင်ကွင်းကို ကြည့်ရှုခဲ့ကြ
ထောင်ပေါင်းများစွာသော ကမ္ဘာလှည့်ခရီးသည်များနှင့် နက္ခတ္တဗေဒ ပညာရှင်များသည် နေအပြည့်အ၀ ကြတ်မှုကို ကြည့်ရှုရန် သြစတြေးလျ နိုင်ငံမြောက်ပိုင်းတွင် စုရုံးရောက်ရှိလာကြကြောင်း နိုဝင်ဘာ ၁၄ ရက်က အင်တာနက် သတင်းတွင် ဖော်ပြပါရှိသည်။ နေနှင့်ကမ္ဘာအကြား လဖြတ်သွားသောအခါတွင် နေကြတ်မှု ဖြစ်ပေါ်တတ်သည်။ သြစတြေးလျနိုင်ငံ ကွင်းစလန်ပြည်နယ် ဒေသအများအပြားမှ ကြည့်ရှုလျှင် နိုဝင်ဘာ ၁၄ ရက် နံနက်က နေအပြည့်အ၀ ကြတ်သည်ကို နှစ်မိနစ်ခန့် တွေ့မြင်ကြရသည်။ အဆိုပါ အပြည့်အ၀ကြတ်မှုကို ကွင်းစလန်မှ ပြည်သူများစွာ တွေ့မြင်ခဲ့ကြရသည်။ နယူးဇီလန်နိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ အရှေ့ပိုင်းနှင့် ကွင်းစလန် အခြားဒေသများမှ ကြည့်ရှုသူများအနေဖြင့် နိုဝင်ဘာ ၁၄ ရက် နံနက်က တစ်စိတ်တစ်ဒေသ နေကြတ်မှုကို တွေ့မြင် ကြရသည်။
khitlunge

No comments:
Post a Comment