Tuesday, November 27, 2012
ဇာဟာကို မန်စီးတီးနှင့် အပြိုင် အာဆင်နယ် ချိတ်ဆက်လာ
ခရစ္စတယ် ပဲလေ့စ် တောင်ပံ တိုက်စစ်သမားလေး ဝီလ်ဖရက် ဇာဟာကို ခေါ်ယူရေး အတွက် အာဆင်နယ် အသင်းက မန်ချက်စတာ စီးတီးနှင့် အပြိုင် စတင် လုပ်ဆောင်လာပြီ ဖြစ်သည်။
အင်္ဂလန် ပရီးမီးယားလိဂ် ချန်ပီယံ မန်စီးတီး အသင်းသည် ပေါင်စတာလင် (၁၅)သန်းဖြင့် ဇာဟာကို ကမ်းလှမ်း ထားကြောင်း သတင်းအချို့ ထွက်ပေါ်နေချိန်တွင် ယခုအခါ အာဆင်နယ် မန်နေဂျာ အာစင်ဝင်းဂါးကလည်း အင်္ဂလန်၏ သွေးသစ် လူငယ်လေး အတွက် လှုပ်ရှားနေကြောင်း သိရသည်။ အသက်(၂၀)အရွယ် ဇာဟာသည် ပြီးခဲ့သည့် အင်္ဂလန် လက်ရွေးစင် အသင်း၏ ဆွီဒင်နှင့် ခြေစမ်းပွဲတွင် အံ့အားသင့်ဖွယ် ခေါ်ယူခြင်း ခံရပြီးနောက် ပထမဆုံး အကြိမ် လက်ရွေးစင်အတွက် ကိုယ်စားပြုခွင့် ရရှိထားသည်။
ဝင်းဂါးသည် ဇန်နဝါရီလ အပြောင်းအရွှေ့ ကာလတွင် ဇာဟာကို ခေါ်ယူနိုင်မည်ဟု ယုံကြည်လျှက် ရှိနေသည်။ ဇာဟာသည် ပဲလေ့စ်နှင့် စာချုပ်သက်တမ်း (၂)နှစ် ကျန်ရှိနေသေးပြီး အာဆင်နယ်က ၎င်းကို ပေါင်စတာလင် (၁၀)သန်းမျှဖြင့် စတင် ချဉ်းကပ်ရန် စီစဉ်နေကြောင်း သိရှိရသည်။ ဇာဟာသည် ရာသီကုန်မှ အသင်းမှ ထွက်ခွာဖြစ်ဖွယ် ရှိနေသော်လည်း ဇန်နဝါရီ ဈေးကွက်တွင် ၎င်းအတွက် အသင်းကြီးများ အားပြိုင်လာနိုင်ခြေ ရှိနေသည်။ ၎င်းကို လီဗာပူးလ်နှင့် တော့တင်ဟမ် ဟော့စပါး အသင်းများကလည်း စိတ်ဝင်စားနေကြောင်း သတင်းများ ထွက်ပေါ်လျှက် ရှိသည်။
soccer myanmar

No comments:
Post a Comment