လစ်ဗျား ထောက်လှမ်းရေးရုံးချုပ် ပစ်ခတ်ခံရ
လစ်ဗျားနိုင်ငံမြို့တော်
ထရီပိုလီရှိ ထောက်လှမ်းရေး ဌာနချုပ်ရုံးကို နိုဝင်ဘာ ၄ ရက်က
အာပီဂျီများဖြင့် ပစ်ခတ်ခဲ့သဖြင့် ငါးဦးသေဆုံးသွားခဲ့ကြောင်း
ပရက်စ်တီဗွီသတင်းတွင် ဖော်ပြသည်။ အဆိုပါ ပစ်ခတ်မှုသည် လုံခြုံရေး
ကော်မတီရုံးချုပ် အဆောက်အအုံအနီး ပြိုင်ဘက် လက်နက်ကိုင်အုပ်စု အချင်းချင်း
အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ယင်း
အကြမ်းဖက်မှုတွင် လူအများအပြား ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။
ဘင်ဂါဇီမြို့မြောက်ပိုင်း ရဲစခန်းတစ်ခု၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ
ရဲအရာရှိသုံးဦး ဒဏ်ရာ ရရှိသွားခဲ့သည်။
khitlunge
No comments:
Post a Comment