Thursday, November 8, 2012
စကင်ဒီနေဗီးယန်းနိုင်ငံများ ကမ္ဘာ့အဖွံ့ဖြိုးဆုံး နိုင်ငံများဖြစ်
နော်ဝေနိုင်ငံသည် ကမ္ဘာပေါ်၌ အဖွံ့ဖြိုးဆုံး၊ အချမ်းသာဆုံး နိုင်ငံအဖြစ် ငါးနှစ်ဆက်တိုက် ရပ်တည်လျက်ရှိကြောင်း လီဂယ်တမ်အင်စတီကျုအမည်ရှိ အဖွဲ့အစည်းတစ်ရပ်က ထုတ်ပြန်သော ဖွံ့ဖြိုးမှု အညွှန်းကိန်းကို အထောက်အထားပြု၍ ဒေးလီးမေးလ် သတင်းစာက နိုဝင်ဘာ ၅ ရက်တွင် ဖော်ပြထားသည်။ သို့ရာတွင် အမေရိကန်ပြည်ထောင်စုသည် လီဂယ်လမ်ဖွံ့ဖြိုးမှု အညွှန်းကိန်း၏ ထိပ်တန်း ၁၀ နိုင်ငံစာရင်းမှ ပထမဆုံးအကြိမ်အဖြစ် ပြုတ်ကျကာ အဆင့် ၁၂ နေရာတွင် ရပ်တည်လျက်ရှိသည်။ နှစ်စဉ် ထုတ်ပြန်မြဲ လီဂယ်တမ်ဖွံ့ဖြိုးမှု အညွှန်းကိန်းတွင် စကင်ဒီနေဗီးယန်း နိုင်ငံများဖြစ်ကြသော နော်ဝေ၊ ဒိန်းမတ်နှင့် ဆွီဒင်နိုင်ငံတို့က ပထမ၊ ဒုတိယနှင့် တတိယနေရာများ၌ အစဉ်လိုက် ရပ်တည်နေကြောင်း သိရသည်။ ဗီယက်နမ်၊ ထိုင်း၊ မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံတို့၏ ဖွံ့ဖြိုးမှု အခြေအနေများလည်း လွှမ်းခြုံမြင့်တက်လာမှုနှင့်အတူ လီဂယ်တမ်အညွှန်းကိန်း၌ အာရှကျားမျိုးဆက်သစ်များလည်း ပေါ်ထွက်လာသည်ကို တွေ့ရသည်။ ကမ္ဘာ့နိုင်ငံပေါင်း ၁၄၂ နိုင်ငံတို့၏ စီးပွားရေး၊ ပညာရေး၊ စွန့်ဦးတီထွင်မှုနှင့် အခွင့်အလမ်း၊ အုပ်ချုပ်ရေး၊ ကျန်းမာရေး၊ ပုဂ္ဂိုလ်ရေး လွတ်လပ်မှု၊ ဘေးကင်းလုံခြုံမှုနှင့် လူမှုကဏ္ဍ အရင်းအနှီးများ စသည်တို့ အပါအ၀င်ဖြစ်သော ကဏ္ဍအသီးသီးအား တိုင်းတာ၍ လီဂယ်တမ် အညွှန်းကိန်းကို ရေးဆွဲထုတ်ပြန်ခြင်းဖြစ်သည်။
khitlunge

No comments:
Post a Comment